လေးနက်တဲ့ စကားတွေ ပြောအပြီးမှာပဲ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေဖြစ်ကြပြီး ပြတင်းပေါက်ကတဆင့် မြင်နေရတဲ့ မိုးရေစက်တို့ကို ကြည့်နေမိသည်။ ချစ်ရတဲ့သူနဲ့ ရှိနေရပြီး ချစ်တဲ့စိတ်နဲ့ဆိုတော့ အရာရာတိုင်းဟာ လှပနေတော့သည်။" အာ.. နောက်ထပ် မွေးနေ့လက်ဆောင်ရှိသေးတယ်..."
ကိုကိုက ပြောပြောဆိုဆိုပဲ စားပွဲပေါ်က ဂျပ်ပုံးတခုကို ယူလိုက်သည်။ ခုနကထဲ ရှိနေပေမယ့် သိပ်အာရုံမထားမိ။
စာအုပ်တွေ...။ နှစ်သက်သဘောကျရတဲ့ စာရေးဆရာအချို့ရဲ့ စာအုပ်တွေပဲ။ ဘာသာပြန်စာအုပ်တချို့လဲ ပါရှိသေးသည်။ စုစုပေါင်း နှစ်ဆယ့်ခြောက်အုပ်တိတိ။
" ကျေးဇူးတင်ပါတယ်... "
ကျေးဇူးတင်စကားဆိုပြီး အခန်းထဲ ၀င်ဖို့ စိတ်ကူးလိုက်သည်။ ခြောက်သွေ့နေပြီဖြစ်တဲ့ မျက်ရည်စတို့နဲ့ မျက်နှာကို ဆေးကြောရမည်။
" ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားကို ဒီလိုပြောရတယ်... "
ငိုထားရလို့ အနည်းငယ်မောဟိုက်နေတာကြောင့် ကိုကို့ကို အမှီမလိုက်နိုင်ပါ။ လျှာဖျားတင်မကပဲ ခံတွင်းတခုလုံးကိုပါ စိတ်တိုင်းကျ ခြယ်လှယ်နေသည်။
ကိုကို့ကို ထိန်းချုပ်လို့ မရတော့ဘူး။ ဒီရက်ပိုင်းမှ အရမ်းဆိုးလာတယ်။ အရင်နဲ့ တခြားစီပဲ။ ဒီလိုအချိန်တိုင်း ဘေးချင်းကပ်ထိုင်နေရက်ကနေ ဘာလို့ ကိုကိုက ခေတ်အပေါ်ကို ရောက်ရောက်သွားသလဲ စဉ်းစားလို့ကို မရဘူး။
မကြိုက်တာ မဟုတ်ပေမယ့် လည်ပင်းကို စုပ်ယူနေတဲ့ ကိုကို့ကို အားနဲ့တွန်းဖယ်လိုက်သည်။
" မျက်နှာသွားသစ်ပြီး အိပ်တော့မယ်... "
" အင်း.. စောစောအိပ်ရမယ်.. နောက်ရက်ကစပြီး Gymပြန်ဆော့ရမယ်နော်.. Trainerအသစ်ခေါ်ပေးမယ်.. အရင်ကကောင်ရဲ့ မျက်လုံးတွေကို မကြိုက်ဘူး... "
" ကိုကိုကပဲ ခေတ်ရဲ့ trainerလုပ်လိုက်လေ... "
" ကိုယ်က ပိုဆိုးမယ်... "
ခေတ်အပေါ် အုပ်မိုးထားရက်ကနေ ခပ်တည်တည်နဲ့ ပြန်ဖြေလာတဲ့ စကားကြောင့် မျက်စောင်းထိုးလိုက်ပြီး တွန်းဖယ်လိုက်သည်။
ESTÁS LEYENDO
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...