Extra - 4

699 39 3
                                    


ရုံးဆင်းချိန်မရောက်သေးပေမယ့် အိမ်ပြန်ရတော့မယ်ဆိုတဲ့ အသိစိတ်နဲ့ ရွှင်လန်းတက်ကြွနေသည်။

စက်လှေကားရဲ့ အရွေ့ကို မစောင့်ဆိုင်းပဲ လှေကားအတိုင်း ခပ်သွက်သွက် ပြေးဆင်းမိတဲ့အထိ ရုပ်ပေါက်နေပေမယ့် ၀န်ထမ်းတွေကတော့ အထူးအဆန်းဖြစ်မနေတော့ပါ။

လွန်ခဲ့တဲ့ နာရီ၀က်ကလဲ Facetimeပြောထားပေမယ့် ကားပါကင်ဆီဦးတည်နေရင်း ဘေဘီ့ဆီ ဖုန်းထပ်ခေါ်လိုက်၏။

" ကလေးလေး ဘာစားချင်လဲဟင်... "

" ဘယ်ကလေးလေးကို မေးတာလဲ... "

" ကိုကို့ကလေးလေးကိုလေ... "

" ကိုကိုနော်... "

စိတ်ကောက်သွားမယ့် မျက်နှာလေးကို မြင်ယောင်မိသွားတဲ့ သူ့စိတ်ဟာ ရုတ်ချည်း အရိုင်းဆန်သွားရသည်။

" နှစ်ယောက်လုံးက ကိုကို့ကလေးလေးပဲလေ... "

" ဟွန်း.. ရှိပါစေတော့.. အင်း.. စားချင်တာ မရှိဘူး.. အုန်းရည်သောက်ချင်တယ်... "

" အွန်း အွန်း.. ကိုကို ၀ယ်ခဲ့မယ်နော်... "

" ကားဖြည်းဖြည်းမောင်းနော်... "

" ဟုတ်ကဲ့ပါဗျာ... "

အုန်းရည် ဘယ်နားမှာရောင်းလဲ စဉ်းစားရင်း ကားစက်နှိုးလိုက်၏။ ကမ်းခြေက အုန်းပင်တွေကိုပဲ မြင်ယောင်မိနေတာကြောင့် တယောက်ထဲ ရယ်မိပြန်သည်။

" ဦးလေး.. အုန်းရည် ဘယ်နားမှာရောင်းလဲ သိလားဗျ... "

သူ့ကားမှန်း သိနေတဲ့ Securityဦးလေးက ပြတင်းတံခါးကနေ ခေါင်းပြူထွက်လာပြီး အုန်းရည်ရနိုင်တဲ့ နေရာကို အတိအကျလမ်းညွှန်လာသည်။

အုန်းသီးရောင်းတဲ့ အစ်ကိုကြီးက သူ့ကို သိလေသည်။ ကိုယ်၀န်ဆောင်မိခင်လောင်းတွေ အုန်းစိမ်းရည်သောက်သင့်တဲ့အကြောင်း ပြောပြပြီး နေ့တိုင်းဒီနေရာမှာ ရှိကြောင်းပါ ထပ်လောင်းပြောလာသည်။

အိမ်ပြန်ရောက်ရင်ဖြင့် ခေးကလစ်လေးဟာ သူမရဲ့ နာမည်ဂုဏ်သတင်း ကျော်ကြားမှုကြောင့် ဘ၀င်လေဟပ်နေတဲ့ ယောက်ျားဖြစ်သူရဲ့ စပ်ဖြီးဖြီးမျက်နှာကြီးကို တွေ့ရမည်ဖြစ်သည်။

Searching For HappinessWhere stories live. Discover now