Unicode
.
.
.
.
.မနက်စောစောစီးစီး အားကစားခန်းမဆီ ရောက်လာခဲ့ပြီးမှ မထင်မှတ်ထားတဲ့ မြင်ကွင်းကြောင့် အထဲ၀င်ဖို့ တုံ့ဆိုင်းသွားရသည်။
ခဏ... မထင်မှတ်ထားတဲ့ မြင်ကွင်း ဟုတ်လား။ ခေတ်က ဘယ်လိုမြင်ကွင်းမျိုးကို မျှော်လင့်ထားလို့လဲ။ သေချာတာကတော့ ဒါမျိုးမဟုတ်ဘူး။
Trainerအစ်မနဲ့ စကားပြောနေတဲ့ ဟိုလူ့ကို မြင်လိုက်ရတာကြောင့် အနည်းငယ် မကြည်မလင်ဖြစ်သွားရသည်။
မနေ့က တနေကုန် အိမ်ထဲက အိမ်ပြင်မထွက်တာကြောင့် သူနဲ့မတွေ့ရပေမယ့် အခုမနက်ပိုင်းလေး အပြင်ထွက်တော့လဲ ချက်ချင်းမြင်လိုက်ရတာပါလား။
ခေတ်နဲ့ ဘာဆိုင်လဲ...။
သူ့ဘာသူ စကားပြောနေတာလေ...။
နေပါဦး... စကားပြောတာက သူ့ပုခုံးပေါ် လက်တင်ထားစရာလိုလို့လား။သူကရော ပါးစပ်က နားရွက်တက်ချိတ်တော့မယ်။ ပြောပါတယ်... မကောင်းတဲ့ လူပါလို့...။
အထဲလဲ မ၀င်ချင်တော့ဘူး။ မဖြစ်သင့်ဘူး၊ ဘာမှမဆိုင်ဘူးဆိုပေမယ့် သူ့မျက်နှာကို မမြင်ချင်တော့ပါ။
ရာသီဥတုလဲ သာယာနေတာကြောင့် အိပ်ရာ၀န်းထဲမှာပဲ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။
Airpodက သီချင်းသံက ကျယ်လောင်နေသလို ပုံမှန်ပြေးနေကျထက် ပိုအရှိန်တင်လာတာမို့ လူကလဲ အနည်းငယ်မောဟိုက်နေရသည်။
အိမ်ရာ၀န်းကို တပတ်ပတ်ပြီးချိန်မှာတော့ အတော်လေး မောဟိုက်လာပြီ။
လှေကားကနေ ဖြည်းဖြည်းချင်း တက်လာရင်း ကိုယ့်ဘ၀ကို ကိုယ်ပိုင်ခွင့်ရတဲ့အချိန်လေးကို ကြည်နူးစွာ ခံစားမိတော့သည်။
ဒီလှေကားမှာ သူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရတာကြောင့် နောက်ရက်ကစလို့ Liftပဲ အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။
ဘာဆိုင်လို့လဲ။ ကိုယ့်လိပ်ပြာကိုယ်လုံတယ်မလား။ ဒီလှေကားက ဘာအပြစ်ရှိလို့လဲ။ ဘာမှမဆိုင်ဘူး။ နောက်ရက်လဲ လှေကားကပဲ တက်လို့ရတယ်။
CZYTASZ
Searching For Happiness
Romansထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...