Nobody Else - 14

810 37 2
                                    

Unicode

.
.
.
.
.

" ခေတ်နဲ့ ကိုယ်နဲ့ လောင်းကြေးစားကြေးလုပ်ကြမလား... "

" မလုပ်ဘူး... "

" ဟာ ဘေဘီလေးကလည်း နားထောင်မကြည့်ရသေးပဲ အဲ့လိုမငြင်းလိုက်ရဘူးလေ... "

" အဲ့တာဆို အရင်ပြောကြည့်ပြီးမှ လောင်းမလားမေးလေ... "

Meetingမှာ ဘေးချင်းကပ်ပြီး တီးတိုးစကားပြောနေတာကြောင့် တခြားလူတွေကတော့ အလုပ်ကိစ္စ ဆွေးနွေးကြတယ် ထင်ကောင်းထင်မည်။

မသော်က ပြောတဲ့အတိုင်း ကတိမတည်ပဲ ရိုက်ကူးရေးကို ၀င်စွက်ဖက်ဖို့ ကြိုးစား၏။ Meetingခန်းထဲအထိ ရောက်ပြီးကာမှ ကိုထိုက်ကြောင့် ပြန်ထွက်သွားရလေသည်။

" ကိုယ်တို့ သိပ်မကြာခင် အချိန်အတွင်း အန်တီနဲ့အန်ကယ်လ် ဖြစ်မလားဆိုတာကိုလေ... "

" မသော်.. Pregnant?... "

" အွန်း... "

" ဖြစ်နိုင်ပါတယ်.. ဘာလို့ဆို မသော်က အခုရက်ပိုင်း အရမ်းသဘောကောင်းနေတယ်.. စိတ်ရှည်တက်လာတယ်.. အပြစ်လည်း သိပ်မပြောတော့ဘူး... "

သက်ရှိဘာဘီရုပ်လေးဟာ စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက် ဟက်ခနဲ ရယ်သည်။ ဘေးနားမှာ မန်နေဂျာအစ်မ ရှိနေတာကြောင့် ‌သူ့ဘက်ကို ခေါင်းလေးငဲ့စောင်းကာ ပါးစပ်ကို လက်နဲ့ကာလိုက်ပြီး နား'နားကို တိုးတိုးလေး ကပ်ပြောသည်။

" ပြီးတော့.. သူတို့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ခဲ့တယ် ထင်တယ်... "

ခေတ်လင်းတာရာရဲ့ မျက်နှာက မချိုမချဉ်မျက်နှာပင်။ လျှာထုတ်ပြီး အပေါ်နှုတ်ခမ်းနဲ့ထိထားသေး၏။ တာရာလေးကြောင့် ‌Conceptအတွက် ဆွေးနွေးနေကြတုန်း ကြားတချက်မကြားတချက်နဲ့ သူ့အာရုံတွေ ပျံ့လွင့်ကုန်ရပြီ။

" ကိုယ့် ရုံးခန်းထဲကနေ စောင့်နေပေးနော်.. ဖေဖေနဲ့ သွားတွေ့ပြီး ပြန်လာခဲ့မယ်..."

" အွန်း.. အတူတူပြန်မယ်မလား... "

" မင်းအဆင်ပြေရင်... "

" ပြန်မယ်ဆိုရင် ရပြီ... "

‌တာရာလေးက မလိုအပ်တဲ့ အပိုစကားတွေ ပြောတာမျိုး လုံး၀မကြိုက်...။

Searching For HappinessOnde histórias criam vida. Descubra agora