Come and Hug me - 31

860 40 4
                                    

Manali, Himachal Pradesh, India

အခန်းပြတင်းကနေ မြင်နေရတဲ့ ရေခဲတောင်တန်းရဲ့ အလှတရားကို ကိုကို့ရင်ခွင်ထဲကနေ ခံစားကြည့်ရှုနေမိသည်။ အရာရာဟာ နှစ်ဆပေါ့။ လှပမှုကလဲ နှစ်ဆ။ စိတ်ချမ်းသာ၊ ပျော်ရွှင်မှုကလဲ နှစ်ဆ။

ရေခဲတောင်တန်းတွေကို နှစ်ခြိုက်သဘောကျတက်သူကိုမှ Manaliသွားမလား စကားစမိ၏။ နှစ်ခါမပြောရပဲ သဘောတူလိုက်တဲ့ ကိုကိုကြောင့် ကိုယ့်ကိုကိုယ် မဆီမဆိုင်နဲ့ ဂုဏ်ယူရပြန်သည်။

Christmasမတိုင်ခင်ထဲက Manaliကို အလည်လာဖို့ ကြိုးစားနေပေမယ့် ကိုကို့မှာ အချိန်မအားလပ်ပေ။ ခေတ်မှာလဲ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Planetarium Entertainmentရဲ့ ဖျော်ဖြေပွဲကို မပါ၀င်မဆင်နွှဲလို့မဖြစ်။

New Yearကို Manaliမှာ ရှိနေဖို့ စဉ်းစားထားပေမယ့် အခုလို Januaryလ ဒုတိယအပတ်ရောက်မှပဲ ရောက်ဖြစ်တော့သည်။

ကိုကို့သူငယ်ချင်းတွေနဲ့အတူ ကမ္ဘာပါ လိုက်လာသည်။ ကူးနဲ့ဆိုဖီကတော့ တပတ်ကျော်ကြာမြင့်မယ့် ခရီးစဉ်မို့ Entertainmentက လိုက်ခွင့်မပြုပါ။

ခရီးစဉ်ကို Budget Tripအဖြစ် စီစဉ်ထား၏။ ဥပမာအနေနဲ့ ပြောရရင် Delhiကနေ Manaliကို လေယာဉ် သို့မဟုတ် ကားနဲ့ တဆင့်သွားရမည်။

မဖြစ်မနေ လေယာဉ်နဲ့ သွားရမယ့်နေရာကလွဲလို့ Budgetခြွေတာတဲ့အနေနဲ့ ကားနဲ့ပဲ သွားမည်ဟူ၍။

ကိုကိုကတော့ ခရီးပန်းမှာ စိုးရိမ်တာကြောင့် လွယ်လွယ်နဲ့ သဘောမတူခဲ့ပါ။ ကုန်သင့်တဲ့နေရာ ကုန်ရမယ်လို့ ပြောလာတော့ အံ့ဩရသည်။ သူရှာသမျှ ခေတ်စိတ်တိုင်းကျ သုံးစွဲခွင့်ရှိတယ်လို့ ထပ်လောင်းပြောလာတော့ ပိုအံ့ဩရသည်။

ကိုကို့ကို မကောင်းပြောတာမဟုတ်ပေမဲ့ အင်း... မပြောဘူးဆိုမှတော့ ဘာမှမဟုတ်တော့ပါဘူး။

ခေတ်ကတော့ အလိုလိုက်ခံရပေမယ့် အလိုက်သိချင်ပါသည်။

" Paraglidingလုပ်ကြည့်ချင်တယ်... "

" ကိုကိုက Helicopter Dateလုပ်မလို့ကိုကွာ... "

ကိုကို့အသံက အားမလိုအားမရနဲ့။

ရာသီဥတု‌ကြောင့် (သိပ်မဆိုင်ပေမယ့်) Adventure Activitiesတွေ လုပ်ခွင့်မပြု။ မနေ့က လေယာဉ်ပေါ်မှာ Paraglidingကလွဲလို့ တခြားActivitiesတွေ ခွင့်ပြုမည်ဆိုကာ တောင်းပန်တဲ့အကြောင်း တဖွဖွပြောလာသည်။ တောင်းပန်စရာမလိုပါ... ကိုကို့မွေးနေ့ကို Manaliမှာ ရှိခွင့်ရမှာပဲလေ။

Searching For HappinessWhere stories live. Discover now