Love's Burning - 20

1K 46 5
                                    

Unicode

.
.
.
.
.

" Koe.. နောက်တခေါက်ကျရင်လေ.. ခေတ်တို့ ဘယ်‌နေရာကို အလည်သွားရင်ကောင်းမလည်း.. ခေတ် စဉ်းစားထားတဲ့နေရာ ရှိတယ်... ဘယ်နေရာလည်း ခန့်မှန်းကြည့်... "

" ဟုတ်ပြီလေ... "

" Land of happiness... "

ကိုကိုက ဘယ်နေရာလည်း သိသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ ရယ်လိုက်တော့ စိတ်တိုသွားရ၏။ လေယာဉ်ပေါ်မှာပဲ ရှိသေးတယ်၊ နောက်တခါ ဘယ်သွားရမလဲ စဉ်းစားနေတဲ့ ကိုယ့်ကိုကိုယ်တော့ စိတ်ရှည်ပါသည်။

" တော်ပြီ.. အဲ့မသွားတော့ဘူး..."

" Babyက Keywordကို ပြောချလိုက်တာကိုး... "

" မသိဘူး... "

" စိတ်မကောက်ရဘူး... "

" ကောက်မှာပဲ.. ပြောချင်ဇောအားကြီးသွားတာကို.. ကိုကို့ကို ခေါင်းရှုပ်အောင် လုပ်ချင်တာ.. အခုတော့... "

" ကိုယ့်ကို ဘာလို့ခေါင်းရှုပ်အောင် လုပ်ချင်တာလဲ... "

" ဘာလို့ အဲ့လိုပြန်မေးရတာလဲ.. မမေးနဲ့... "

စိတ်တိုလာရတော့ ပုခုံးစွန်းကို တွန်းပစ်လိုက်သည်။

" အဲ့တာဆို တခြားသွားချင်တဲ့ နေရာရှိရင် ပြောကွာ... "

ခေတ်ရဲ့ ပုခုံးပေါ် ခေါင်းမှီလာပြီး ပါးကို ဖျစ်ညှစ်လာပြန်၏။ ခဏတိုင်းဆိုတော့လည်း ပါးပြင်မှာ လက်ရာတွေ ထင်ကုန်တော့မလား မသိဘူး။

" ပြောလေကွာ... "

" ရေကန်၊ နယ်စပ်၊ မိုးမခပင်... "

" ရေကန်..."

" အွန်း... "

" နည်းနည်းလောက် hintမပေးတော့ဘူးလား... "

" အသည်းပုံ.. အား.. မဟုတ်ဘူး မဟုတ်ဘူး.. မပြောဘူးထားလိုက်.. ကိုကို မကြားလိုက်ဘူးမလား... "

နားရွက်ဖျားကို ဖျတ်ခနဲ နမ်းလိုက်သည်။ ကိုကိုကတော့ ဘာရယ်မဟုတ်ဆိုပေမယ့် ခေတ်မှာတော့... အသည်းနှလုံးတွေ လှုပ်ခါရမ်းကုန်သလိုပင်။

" ဘယ်နေရာကို အရင်သွားချင်လဲ... "

" Koeလိုက်ပို့မှာလား.. လိုက်ပို့မယ်ဆိုရင် ကိုကို အဆင်ပြေမယ့်နေရာကို အရင်သွားမယ်... "

Searching For HappinessWhere stories live. Discover now