Don't Need No Reason - 10

919 40 6
                                    

Unicode

.
.
.
.
.

HTက ပြုလုပ်မယ့် Fashion Showကို သွားဖို့အတွက် စိတ်လှုပ်ရှားနေမိသည်။ ခေတ်နဲ့ မသက်ဆိုင်တော့ပေမယ့် ဖိတ်ကြားလာတော့လည်း သွားရမှာပေါ့။

Outfitရွေးချယ်နေရင်း စိတ်တိုင်းကျ မဖြစ်‌နေတဲ့ ခေတ်ကို Stylistအစ်မက HTက ပေးပို့လာတဲ့ Gift Boxကို ယူလာပေးတော့သည်။

Cardပေါ်မှာ ရိုးရိုးရှင်းရှင်း With Loveဆိုတာနဲ့အတူ အောက်နားမှာ Htin Thant Htet Paingဆိုပြီး ရေးထားလေသည်။

Pastel Colorsဖြစ်တဲ့ လိမ္မော်ရောင် Topရယ် ပန်းရောင် Blazerနဲ့ Short Pantsရယ်က ဒီဘူးထဲမှာ မနေချင်တော့ပါဘူး၊ ခေတ်ရဲ့ ခန္ဓာကိုယ်ထက်မှာ နေရာယူလိုက်ပါတော့ဟု ဖိတ်ခေါ်နေသယောင်ရှ်ိ၏။

" ဒါပဲ ၀တ်တော့မယ်... "

ခေတ်က Topတွေ၀တ်တိုင်း Waist Chainပါ ၀တ်ဆင်လေ့ရှိတာကြောင့် အစ်မက တခါထဲ၀တ်ပေးလာသည်။

" နားကပ်ရော.. ဒီမှာ HTက ပေးထားတဲ့ နားကပ်တွေ ရှိသေးတယ်... "

သူပေးတာပဲ ဖြစ်ရမည်။ Jewelry Caseထဲက တလက်လက်တောက်ပနေတဲ့ Earringsတို့ကြောင့် ခေတ်မှာ တခဏတာ အသက်ရှူမှားသွားရသည်။

မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ကြည့်မ၀ဖြစ်နေရပြီး မန်နေဂျာအစ်မကို ဓာတ်ပုံရိုက်ခိုင်းလိုက်သည်။

နေပါဦး... ဟိုလူက ချစ်တီးလုပ်ပြီး လူကို သိမ်းမှာတော့ မဟုတ်ပါဘူးနော်...။

" နင် မနေ့ကမှ ပြန်ရောက်တာမလား.. ပင်ပန်းနေလို့ ပွဲမတက်နိုင်ဘူး ထင်နေတာ... "

" ဖိတ်စာတွေ့တော့ မသော်က တက်ခိုင်းမယ်ပဲ ထင်နေတာပေါ့... "

" သူများတွေက ပြောင်ပြောင်လက်လက်တွေ ၀တ်လာရင် ဘယ်လိုလုပ်မလဲ... "

" ၀တ်ပါစေလေ.. ဒီပွဲရဲ့ Mainက ခေတ်မှ မဟုတ်တာကို... "

ပွဲကျင်းပရာနေရာမှာ တွေ့ချင်နေတဲ့သူကို မတွေ့ရပါ။ ပျားပန်းခပ်တမျှ စည်ကားတဲ့ ပွဲမှာ ခေတ်မှာတော့ မလှုပ်နိုင်ပဲ ငြိမ်နေရသည်။

ကိုထိုက်မေမေနဲ့ သူ့မေမေရဲ့ဘေးမှာ ထိုင်နေရတော့လည်း ဘယ်မှာမငြိမ်ပဲနေအံ့။ မသော်က တမင်များ လုပ်သွားသလား ထင်ရသည်။ တွေ့ချင်တဲ့လူကို မျက်လုံးနဲ့တောင် ဝေ့ဝိုက်ရှာဖွေလို့ မရတော့ဘူး။

Searching For HappinessDonde viven las historias. Descúbrelo ahora