" ကိုကို.. ခေတ်ကလေ.. အရင်ဘ၀က မုသာဝါဒတွေ အရမ်းပြောခဲ့လို့ အခုချိန်မှာ မဟုတ်မမှန်ပဲ စွပ်စွဲပြောခံနေရတာ ထင်တယ်.. စဉ်းစားကြည့်.. ဒီနိုင်ငံမှာ မင်းသမီးက ခေတ်တယောက်ပဲ ရှိတာလား.. ဒါကို ဘာတဲ့ဆို ခေတ်နာမည်ပဲ.. ဒါမဲ့ ဒီဘ၀မှာတော့ ဘယ်သူ့ကိုမှ အလိမ်အညာစကား လုံး၀မပြောခဲ့ဘူးဘူး.. အရင်ဘ၀က အကြွေးတွေတောင် မကျေသေးတာ.. ဒီဘ၀မှာ ထပ်ပြီးအပြစ်ဖြစ်အောင် မလုပ်တော့ဘူး... "
ခေတ်က ရိုက်ကူးရေးနဲ့ မအားလပ်တဲ့ကြားက Clubရောက်နေပါတယ်ဆိုပြီး သတင်းဖွခြင်းခံရ၏။ ဒါကြောင့် သူ့ကို ညတနာရီအချိန်မှာ ဖုန်းခေါ်လာပြီး ကိုကိုရယ်ဆိုပြီး ရင်ဖွင့်နေတာဖြစ်သည်။
" ကိုကို မနက်ဖြန်လိုက်လာခဲ့မယ်... "
" မနက်ဖြန်မရဘူးလေ.. မေမေ့မွေးနေ့ကို.. လက်ဆောင်ကို ခေတ်က ပေးတာပါဆိုပြီး သေချာပြောပြီးမှပေးနော်... "
" ကိုကို့မေမေအတွက် အကောင်းဆုံးလက်ဆောင်က မြေးလေးတယောက်မွေးပေးလိုက်တာပဲ... "
" မြေးရှိပြီးသားပဲကို... "
" အဲ့တာ ဟိုကောင်က မွေးတာ... "
စကားမဆုံးခင် ဖြတ်ပြောချင်းခံလိုက်ရပြီ။ ကြားရပါတော့မည်။ သူ့အချစ်ကလေးဆီက ဆုံးမစကားတွေကို။
" ဟိုကောင် ဟိုကောင်နဲ့.. ကိုကိုနော်.. ကိုယ့်ထက်အကြီးတွေကို မလေးမစားမလုပ်ရဘူး.. အသက်ရှည်ပြီး ဘုန်းမကြီး၊ ဘုန်းကြီးပြီး အသက်မရှည်ဖြစ်တက်တယ်... "
" ကိုယ်မှ သူ့ကို... "
" တော်ပြီ.. ကိုကို CEOကို မုန်းတယ်မလား.. ကြည့်မရဘူးမလား.. မုန်းပေါ့.. ကိုကိုက မုန်းနေလဲ CEOက ဘာမှဖြစ်မသွားဘူး နစ်နာမဲ့သူက ကိုကိုပဲ.. တစိမ်းလဲ မဟုတ်ပဲနဲ့ ကိုယ့်အစ်ကိုကို... "
" ဆူတယ်ကွာ.. သီတင်းကျွတ်ကျ သွားကန်တော့မယ် ဟုတ်ပြီလား... "
ဟွန်း... ဆိုတဲ့ အသံလေးက။ မျက်နှာလေးမြင်ချင်ပါတယ်ဆိုတာကို မိတ်ကပ်ဖျက်ပြီးပြီမို့ Face Timeမပြောချင်ဘူး ဆိုပြီး ဇွတ်ငြင်းဆန်သည်။
" ဘေဘီ.. သတင်းတွေ ကိုယ်အကုန်ရှင်းပေးမယ်နော်.. အာရုံမစိုက်နဲ့... "
YOU ARE READING
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...