Stargazing Date - 38

1.2K 46 21
                                    

ခေတ် စားချင်ပါတယ်ဆိုလို့ ကိုကိုကိုယ်တိုင် သွား၀ယ်ပေးထားတဲ့ ဆန်ခေါက်ဆွဲ။

ရုံးကနေ စောစောပြန်လာခဲ့မယ်၊ စားချင်တာ ချက်ကျွေးပါမယ်ဆိုပြီး အခုတော့ အချိုးတွေ ပြောင်းနေပြီ။

" စိတ်မကောက်ရဘူး.. ကိုကို မနက်ဖြန် ခေတ် စားချင်တာ ချက်ကျွေးမယ်‌.. တကယ်.. နော်... "

" မနက်ဖြန်.. အမေရိကန်ထမင်းကြော်... "

" အိုကေ.. ဟာ မနက်ဖြန်မရဘူးလေ.. ကိုကိုတို့ မနက်ဖြန် ထင်းရှူးတောသွားမှာကို... "

" စားပြီးမှ သွားမှာပေါ့... "

အိမ်မှာ ဟင်းချက်စရာ ၀ယ်ထားတာ အဆင်သင့်မရှိ။ ကိုကိုက ဒီထက်ပို ငြင်းဆန်ခြင်းမရှိပဲ ချက်ချင်း ကိုထက်အောင်ကို ဖုန်းဆက်ပြီး လိုအပ်တာတွေ ၀ယ်လာဖို့ ပြောနေသည်။

" သွား၀ယ်မယ်.. ကိုကိုနဲ့ခေတ်နဲ့... "

" ‌ခုနှစ်နာရီကျော်နေပြီ... "

" သွားချင်တာ... "

ကုန်စင်သွားတဲ့ ဆန်ခေါက်ဆွဲပန်းကန်ကို ကြည့်ပြီး သက်ပြင်းချမိသည်။ ငါးနာရီကျော်က ကိုကို့မေမေနဲ့ ထမင်းအတူတူစားပြီးမှ အိမ်ပြန်ရောက်လာတာကို။

" လမ်းလေးပဲဖြစ်ဖြစ် လျှောက်‌ရအောင်ပါ.. နော်... "

" မနက်ဖြန် ခရီးသွားစရာရှိတယ်လေကွာ... "

" ကိုကိုက ကလေးကိုပဲ ပိုချစ်၊ ပိုဂရုစိုက်နေမှန်း.. သိပါတယ်.. ဒါပေမယ့် ခေတ်ကိုလဲ နည်းနည်းလောက် ဟန်ဆောင်ဂရုစိုက်ပေးပါဦးလား.. ဘာလို့ ခေတ်က ကလေးနဲ့ လိုက်ပြိုင်နေရမှာလဲ.. ကိုကိုက ဒီလိုပဲ စိတ်မကောင်းဖြစ်အောင် လုပ်တော့မှာလား... "

သနားစရာကောင်းအောင် ပြောနေပေမယ့် ကိုကိုက ပြုံးပြီးကြည့်နေသည်။ အကြည့်တွေက Ultra Soundဓာတ်ပုံထဲက အစက်သေးသေးလေးကို ကြည်ကြည်နူးနူးနဲ့ ကြည့်နေတဲ့အကြည့်နဲ့ အတူတူပဲ။

" လမ်းလျှောက်ချင်ရင် မနက်ကျမှ လျှောက်မယ်.. ရာသီဥတုကလဲ အေးတယ်.. မိုးလဲချုပ်နေပြီ.. ကိုကိုလဲ လုပ်စရာရှိသေးတယ်.. လိမ္မာတယ်... "

အဲ့လိုတွေ ပြတ်ပြတ်သားသား ငြင်းတက်တဲ့ အကျင့်ကို မကြိုက်ဘူး။ တခြားလူတွေကိုတင်မကဘူး ခေတ်ကိုပါ မဖြစ်နိုင်ရင် မဖြစ်နိုင်ကြောင်း စာနာထောက်ထားမှုမရှိပဲ ငြင်းတက်တာ။

Searching For HappinessTahanan ng mga kuwento. Tumuklas ngayon