Extra - 1

1.1K 34 4
                                    


" သားငယ်ကို ဂရုတစိုက်ရော ချက်ပြုတ်ကျွေးမွေးပါ့မလား.. အလှအပပဲ အာရုံစိုက်နေမယ်ထင်တယ်... "

" ကိုထိုက်မိန်းမကတော့ အလုပ်ကလွဲပြီး အိမ်မှုကိစ္စ ဘာတခုမှမလုပ်ချင်ဘူး... "

" ကိုထိုက်ဆီလဲ ဖုန်းဆက်ကြည့်ရဦးမယ်.. ဒီညီအစ်ကိုနှစ်ယောက်က ဘယ်နှယ့်မခေါ်ကြတာလဲ... "

" ခေတ်က လှတာကတော့ ရက်ရက်စက်စက်ကို လှတာနော်.. အတိတ်ဘ၀က ဘာကုသိုလ်တွေများလုပ်ခဲ့လဲ မသိဘူး... "

ကိုကိုနဲ့ခေတ်ရဲ့ မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေကိုကြည့်ရင်း ကိုကို့မေမေနဲ့ ချွေးမအကြီးနဲ့ စကားစမြည်ပြောဆိုနေကြတာဖြစ်သည်။

ဒီနေ့က ကိုကို့ဖေဖေရဲ့ မွေးနေ့ဖြစ်တာကြောင့် အိမ်မှာ မိသားစုစုံလင်နေကြ၏။ မနက်ပိုင်းက ရိပ်သာတခုမှာ အလှူပြုလုပ်ခဲ့ပြီး အခုညနေပိုင်းမှာတော့ ညစာအတူစားကြမည်။

ယောက္ခမဖြစ်သူ ကိုကို့မေမေနဲ့ ချွေးမဖြစ်သူ ခေတ်ရဲ့ နှစ်ယောက်ကြားက ဆက်ဆံရေးဟာ သိပ်ပြီးနွေးနွေးထွေးထွေးမရှိ။

ဟိုတခေါက်က မေမေနဲ့ ညနေစာအတူတူစားဖြစ်တယ်ဆိုတာကလဲ ကိုထိုက်ရှိနေလို့သာ။

ခေတ်ဘက်ကလဲ ကိုကို့မေမေနဲ့ ရင်းနှီးအောင်နေဖို့ ပျက်ကွက်ခဲ့တာကြောင့် လက်ထပ်ပြီး တလကြာတဲ့အထိ မေးထူးခေါ်ပြောကနေ အဆင့်မတက်သေးပါ။

မနေ့ညကတော့ တွေးဖြစ်သည်။ အဟင်း... ငါက ဘာလိုအပ်ချက်မှမရှ်ိပဲ အကုန်ပြည့်စုံနေတဲ့သူ။ အထူးသဖြင့် ကိုကို့ဆီက ချစ်ခြင်းမေတ္တာတွေ အပြည့်အ၀လက်ခံရရှိထားသူ။ ဘာတွေချို့ယွင်းချက်များ ရှိနေလို့ ငါ့ကိုလက်မခံချင်ကြတာလဲဆိုပြီး။

မသော်စကားအရတော့ ရှေးရိုးဆန်သည်ဟု သိရသည်။ ငွေကြေးချမ်းသာကြွယ်၀ပေမယ့် လူသိအောင်ထုတ်မပြပဲ ဒိုင်လျှိုလေးနေကြတဲ့ မိသားစု။ အခုလို ကိုကိုနဲ့ခေတ်နဲ့ အကြောင်းပါတော့ HT Groupဟာလဲ လူတွေရဲ့ စိတ်၀င်စားခြင်း ခံနေရပြီလေ။

တရားမ၀င်တဲ့အလုပ်တွေလဲ လုပ်မနေတဲ့ဟာကို ဘာတွေစိုးရိမ်ပူပန်နေလဲ နားမလည်နိုင်တော့ပါ။

Searching For HappinessWhere stories live. Discover now