Unicode
.
.
.
.
." ထင်သန့် ဆုံးဖြတ်တာ.. ကိုယ် ဘာတခုမှ ကြိုမသိခဲ့ရဘူး... "
" အဲ့တာဆို ရှင့်ညီကို ဖုန်းဆက်မယ်! "
" မမ.. နေပါစေတော့.. အဲ့ကြော်ညာမရိုက်ရလို့လဲ ဘာမှမဖြစ်ပါဘူး... "
" ကြော်ညာတခုထဲတင် မဟုတ်ဘူး.. HT Groupရဲ့ လုပ်ငန်းတွေ ဘယ်လောက်များလဲ နင်မသိပါဘူး.. အကုန်လုံးရဲ့ Ambassadorဖြစ်သွားတာ.. ငါတို့ဘက်ကလဲ ဘယ်လောက်ဆုံးရှုံးရလဲ.. CEOကလဲ ဘာမှမပြောဘူးလား! "
ခေတ်နဲ့ HT Groupရဲ့ စာချုပ်သက်တမ်းက ဒီလကုန်အထိသာ ဖြစ်သည်။ နှစ်နှစ်ကြာ Companyရဲ့ Ambassadorဖြစ်ခဲ့တဲ့ ခေတ်ဟာ ဒီနှစ်မှာတော့ စာချုပ်သက်တမ်းပြည့်တာနဲ့ တခြားတယောက်နဲ့ ပြောင်းလဲခြင်း ခံလိုက်ရပြီ။
ဒါတွေဟာ သိပ်ထူးဆန်းတဲ့ကိစ္စလို့ မဆိုနိုင်ပေမယ် ဟိုတလောကပဲ Companyရဲ့ ထိပ်ပိုင်းမှာ အပြောင်းအလဲတချို့ဖြစ်သွားပြီး အသစ်၀င်လာတဲ့သူဟာ သူ ဖြစ်နေမှန်း သိထားရ၏။
ခေတ်တို့ Entertainmentရဲ့ CEOဟာလဲ HT Groupရဲ့ ရှယ်ယာအချို့ကိုပါ ပိုင်ဆိုင်ထားပြီး သူ့ထက် တဆင့်မြင့်တဲ့ နေရာအနေအထားမှာ ရှိနေသည်တဲ့။
လုပ်ငန်းတွေ ဘယ်လောက်များလဲ မသိပေမယ့် ခေတ် Ambassadorအဖြစ် တာ၀န်ယူထားရတဲ့ Cosmeticsနဲ့ Skincare Productsတွေဟာ ကိုယ့်နိုင်ငံမှာတင် မဟုတ်ပဲ တခြားသော နိုင်ငံတွေအထိ နာမည်ကောင်းနဲ့ ပျံ့နှံ့ပြီးသားဖြစ်သည်။
Clothingဘက်မှာလဲ ထွက်ရှိလာမယ့် ဒီဇိုင်းအသစ်ကို လူပေါင်းများစွာက စိတ်၀င်တစား စောင့်မျှော်နေကြပြီး ရောင်းချပြီဆိုတာနဲ့ အလုအယက်၀ယ်ယူနေကြတာပင်။
ခေတ်လင်းတာရာကြောင့်ဆိုတာထက် သူတို့Productရဲ့ အရည်အသွေးပြည့်မှီမှုကြောင့် ထိပ်တန်းအဆင့်မှာ ရပ်တည်နေပြီးသား Companyတခုဆိုတာကို နားလည်ထားသည်။
ကိုထိုက်ကို မတိုင်ပင်ပဲ သူတယောက်ထဲ ဆုံးဖြတ်တယ်ဆိုကတည်းက သူ့ရဲ့ အရှိန်အဝါနဲ့ ဩဇာသက်ရောက်မှုကို သိလိုက်ပါပြီ။ ခေတ်မှာလဲ ခေတ်နဲ့ အလုပ်တွဲလုပ်ချင်တဲ့ Productsတွေ များလွန်းလို့ ဒီတခုနဲ့ စာချုပ်ထပ်မချုပ်ဖြစ်လဲ အခွင့်အရေးက ရောက်လာဦးမှာပဲ။
VOCÊ ESTÁ LENDO
Searching For Happiness
Romanceထင်းရှူးတော။ ကြယ်ရောင်စုံတဲ့ည။ အနွေးဓာတ်ပေးနေတဲ့ မီးပုံနဲ့ Tentတလုံး။ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အချစ်မျက်၀န်းတွေ။ " ကိုကို.. Parallel Universeရှိမယ်ဆိုတာကို ယုံလား... " " ယုံတယ်.. Parallel Universe မှာ ကိုကိုနဲ့ဘေဘီနဲ့ ရှိနေမယ်ဆိုတာကိုလည်း ယုံတယ...