Part 13 (Uni)

865 120 79
                                    

🎼တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ အိပ်မရတဲ့ ရပ်ကွက်ထဲက မင်းကို သတိရ

မူးမူးပြီး လမ်းလျှောက်ရင်း လမ်းပျောက်တဲ့ ညတိုင်းလည်း မင်းကို တမ်းတ 🎼

🎼သစ်ရွက်လေးတွေ လေထဲ ဖုတ်လှိုက် ဖုတ်လှိုက်

ကိုယ်ရဲ့အသည်းတွေ ရင်ထဲ....အိုး ဟိုး ဟိုး ဖုတ်လှိုက် ဖုတ်လှိုက် 🎼

ဗဒင်၏ ဖုတ်လှိုက်ဖုတ်လှိုက် သီချင်းသံသည် ဘွားမေ၏အိမ်ရှေ့ရှိ ခရေပင်အောက် ကွပ်ပျစ်ပေါ်တွင် ထိုင်နေကြသော လူတစ်စုဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အခြားတော့မဟုတ် အမြဲလိုလို ဂစ်တာတီးကာ သီဆိုဖျော်ဖြေတတ်ကြသော ရပ်ကွက်အဆိုတော်များအဖွဲ့ပင်။ ထိုအထဲမှ ခေါင်းဆောင်ကတော့ သီဟဆိုသည့် ငနဲ။

''ဟေ့ကောင် သီဟ ၊ မင်းကလည်း တစ်ခါလာလည်း ဒီသီချင်းပဲ၊ အမြဲတမ်း အဖွင့်ကို ဒါကြီးနဲ့ပဲစနေရတာ ကြာတော့လည်း ဖီးလ်ကျဲတယ်ကွာ၊ ဟုတ်တယ်မှတ်လား သားကြီး ''

အဖွဲ့ထဲတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း တရင်းတနှီးဖြင့် ဒူးတိုက်တံတောင်တွတ်ပေါင်းတတ်သည့် သန်းထိုက်ဆိုသူက ခက်သျှားကို တံတောင်ဖြင့်တွတ်ကာ ဆိုလာ၏။ ထိုအခါ ခက်သျှားကရွှတ်နောက်နောက်ဖြင့်

''အေးလေကွာ၊ ငါလည်း ဒါကြီးပဲ တီးရလွန်းလို့ ညည်းနေပြီ၊ သီချင်းပြောင်းရင်းလည်းပြောင်း မပြောင်းရင် မင်းပိုးနေတဲ့ ဟိုဘက်ရပ်ကွက်က စော်ကိုပြောင်းလိုက်တော့''

''ခွေးကောင် ဘာကိုမှ မပြောင်းပေးနိုင်ဘူးနော်၊ စော်ဆိုတာ ချစ်လွန်းလို့ ပိုးတာကွ၊ မင်းတောင် သက်ထားမှသက်ထားပဲလေ ၊ ငါ့ကိုဘာမှလာမပြောနဲ့''

သီဟက မခံချင်စိတ်ဖြင့် ချေပပြောဆိုကာ ခက်သျှား၏ ဇက်ပိုးကို တစ်ချက်ရိုက်ရန်ကြိုးစားသော်လည်း မအောင်မြင်လိုက်ပါ။ ဘယ်သူမှ လက်ဖျားနှင့် ထိ၍မရသော ခက်သျှားမဟုတ်လား။ ရပ်ကွက်ထဲတွင်လည်း ခက်သျှား၏ အသားကိုထိနိုင်သူဟူ၍လည်း မည်သူမှမရှိ။

A Story of 2000sOnde histórias criam vida. Descubra agora