ငဇော်နှင့်မတွေ့ဖြစ်သည်မှာ တစ်ပတ်လောက်နီးနီးရှိသွားပြီဖြစ်သည်။ ခါတိုင်းနေ့များတွင် အိမ်ကိုချောင်းပေါက်လုမတတ်လာနေပါသော သကောင့်သားတစ်ယောက် ပျောက်ချက်သားကောင်းနေသည်မှာ
အခန်းတံခါးတပ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် မိမိကိုအိမ်ခန်းထဲမှ မောင်းထုတ်လိုက်သည့်နေ့ကတည်းက ဖြစ်သည်။ရှစ်ခေါက်ချိုးမျက်နှာပေးနှင့် အိမ်ပြိုကျတော့မည့်အတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်း ထုကာရိုက်ကာ အိမ်အလယ်အခန်းတံခါးကို စိတ်တိုင်းကျတပ်ဆင်ပေးသွားသော်လည်း မိမိကို စကားတစ်ခွန်းတောင် မပြောသွားခဲ့သည့် ငဇော်သည် အဘယ့်ကြောင့် စိတ်ဆိုးနေခဲ့ပါသနည်း။
ထိုမေးခွန်းကို စိတ်ထဲတွင်သာ အကြိမ်ကြိမ်မေးမိသည်။
ငဇော် စိတ်ဆိုးရသည့်အကြောင်းအရင်းသည် ရတုဆိုသည့်ကောင်လေးနှင့် နီးနီးကပ်ကပ် အိပ်နေကြသော မြင်ကွင်းကြောင့်ရယ်လားဟု တွေးမိတိုင်း ထိုအတွေးက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့သည်။
အဲဒီအချိန်တုန်းက အဘယ်ကြောင့် ထိုသို့ပြုမူလိုက်မိသည်လဲ ကိုယ်ကိုယ်တိုင်တောင် အဖြေရှာမရ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသူကို လန့်နိုးသွားမည်စိုးသော ဆန္ဒတစ်ခုတည်းကသာ စိုးမိုးနေခဲ့သောဖြစ်မည်ဟု ရိုးရှင်းစွာ တွေးထားခဲ့မိပါ၏။
တကယ်တမ်းတွင် ထိုမျှလောက် မရိုးရှင်းမှန်းကို မောင်မောင်ခက်သျှားဆိုသည့် သူကိုယ်တိုင်တောင် မသိခဲ့ပါလေ။
...................
"အံမယ် ကိုယ်တော်ချောက မိုးရေတွေဘာတွေ ခံထားလို့ပါလား"
ပုံဏ္ဍရိတ်ပင်တန်းလေးကို ကျော်လာပြီးသည့်နောက် တံစက်မြိတ်တွင်ချထားသော ခပ်ကြီးကြီးဒန်အိုးတစ်လုံးကိုမြင်သည်နှင့် ခြံထဲသို့ ရောက်နေပြီဖြစ်သော သက်ထားက အထူးအဆန်း ရေရွတ်လိုက်ပါ၏။
သက်ထား၏အနောက်မှ ခပ်ရို့ရို့လေး လိုက်ပါလာသော ငဇော်ကလည်း ထိုဒန်အိုးကို ပေစောင်းစောင်းဖြင့် ကြည့်ပြီး
VOCÊ ESTÁ LENDO
A Story of 2000s
Romance၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။