Part 39 (Uni + Zawgyi)

746 94 65
                                    

"ဟာ အစ်ကို"

ခက်သျှား၏အသံကိုကြားရသည်နှင့် တစ်ကိုယ်လုံးတုန်ယင်သွားကာ လည်ပြန်မော့ကြည့်လာသည့် ရတု၏မျက်ဝန်းတွေသည် နားလည်ရခက်သော အဓိပ္ပာယ် များဖြင့် ပြည့်နှက်နေခဲ့ပါ၏။ အာမေဋိတ်သံတိုးတိုးလေးနှင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လာပုံကလည်း သူခိုးလူမိနေသောပုံစံမျိုး။

"ကျွန်တော်လေ.."

နီစွေးစွေး နှုတ်ခမ်းဖျားဆီမှ မပွင့်တပွင့်ထွက်လာသည်က အကြောင်းပြချက်ရယ်ဟု ထင်ရပေမဲ့ တကယ်တမ်းတွင် ပီပီသသပွင့်ထွက်ကျမလာခဲ့ပေ။ ခေါင်းကိုငုံ့ ၊ လက်ကိုနောက်ပစ်ကာဖြင့် ပြောပြရန်ကြိုးစားလာသည့် အကြောင်းပြချက်များသည် မျိုချလိုက်သော တံတွေးစများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

"ဘာကို လိုချင်လို့ ဒီလောက် သံချေးတက်နေတဲ့ သေတ္တာအစုတ်ကို အသည်းအသန်ဖွင့်နေရတာလဲ ၊ လက်တွေပေကျံကုန်မှာပေါ့၊ ပြစမ်း"

ခက်သျှားက ပြောပြောဆိုဆိုနှင့် အောက်နားတွင်ရှိနေသော သံသေတ္တာကို ခြေထောက်ဖြင့် ပန်းကန်စင်အောက်ထဲသို့ မသိမသာကန်တွန်း ထိုးထည့်လိုက်ရင်း ရတု၏လက်နှစ်ဖက်ကိုဆွဲယူကာကြည့်လိုက်ပါ၏။ ရတုကတော့ ချက်ချင်းရုန်းပစ်သည်။ ပြီးနောက် ခက်သျှားကို အလွန်အမင်းအားနာနေသော မျက်ဝန်းများဖြင့် ငေးကာကြည့်ရင်း

"ကျွန်တော် အိမ်ပြန်ချင်ပြီ အစ်ကို"

ဟု ခပ်ညည်းညည်းလေးဆိုလာခဲ့ပါလေလျှင် ခက်သျှား၏ ခြေထောက်များသည် ယိုင်လဲတော့မလိုပင်ဖြစ်သွားခဲ့ရပါ၏။

"ဘာတွေ ကယောင်ကတမ်းပြောနေတာလဲကွာ၊ အိပ်ရေးမဝဘူးထင်တယ်၊ လာ အခန်းထဲမှာ သွားပြန်အိပ်နေလိုက်"

ရတု၏ညာဘက်ပခုံးပေါ် လက်အသာတင်ကာ အိပ်ခန်းထဲသို့ဝင်ရန်ခေါ်ဆောင်လိုက်ပါသော်လည်း အချည်းအနှီးသာ။ ဖြုတ်ချခံလိုက်ရသော လက်တစ်ဖက်နှင့် ရင်ဘတ်ကို ခပ်ပြင်းပြင်းဆောင့်ကာတွန်းလိုက်သော တုံ့ပြန်ခြင်းကိုသာ ပြန်ရခဲ့ပါ၏။

ခက်သျှား၏မျက်နှာသည် ဖြန်းခနဲနီတက်သွားပါ၏။

"ဆန်းနေ"

A Story of 2000sTahanan ng mga kuwento. Tumuklas ngayon