Part 34 (Uni + Zawgyi)

766 105 100
                                    

ကားစထွက်စဉ်က ကြည်ကြည်သာသာဖြင့် နှစ်ဦးသား ထွက်သွားခဲ့ကြသော်လည်း အဆင်းတွင် ထိုသို့ပြဿနာများနှင့် ကြုံခဲ့သောကြောင့် ခက်သျှား၏မျက်နှာမှာ ကြည်ကြည်လင်လင်မရှိသလို ငဇော်ခမျာလည်း နာကျင်စွာ ရှုံ့မဲ့ရလျက်။

ဟိုက နည်းနည်းရေပက်၊ ဒီကနည်းနည်းရေပက်နှင့် ကြွက်စုတ်သဖွယ် ရေမစိုလာသည့်တိုင် ခြောက်ခြောက်သွေ့သွေ့မရှိလှ။ လေအတိုးတွင် အစိုဓာတ်လျော့သွားပေမဲ့ လုံးလုံးလျားလျားမခြောက်သေးဘဲ ကပ်စေးစေးဖြစ်နေသော စိုထိုင်းထိုင်းအဝတ်တို့ကြောင့် နှစ်ယောက်စလုံး၏ မျက်နှာများသည် စိတ်ရှုပ်စိတ်အိုက်နေပုံရလေသည်။

"ဂိတ်ထိုးပြီးရင် မင်းပြန်နားလိုက်တော့ ငဇော်၊ နောက်တစ်ကြောင်းပြန်တက်ဖို့ မစဉ်းစားနဲ့တော့"

ဒရိုင်ဘာကျောဘက်ရှိ အကာအရံသံပန်းတွေချိတ်ထားသော ကချင်လွယ်အိတ်လေးကိုဖြုတ်ရင်းမှ ခက်သျှားက ဆိုလာ၏။
ငဇော်က ခေါင်းကိုညိတ်သည်။ ထို့နောက် ခက်သျှားကို သမင်လည်ပြန်ငဲ့ကြည်ကာ

"တောင်းပန်တယ်ကွာ၊ ငါ့ကြောင့် မင်းပါ နေရင်းထိုင်ရင်း"

"မလိုပါဘူးဗျာ၊ ခင်ဗျားအမှားမှ မဟုတ်တာ၊ အဲ့ဒါတွေ ခေါင်းထဲ ထည့်မနေနဲ့၊ ကိုယ့်ဒဏ်ရာကိုသာ ကိုယ်သေချာဂရုစိုက်၊ ခိုင်ဆေးခန်းက ဖွင့်မဖွင့်မသေချာဘူး၊ ပရုတ်ဆီလေး ပါးပါးလူးပြီးသာ ခဏနားနေလိုက်၊ ကျုပ် သက်ထားကို အကျိုးအကြောင်းဝင်ပြောခဲ့မယ်"

ခက်သျှားက လွယ်အိတ်ကို ကျကျနနစလွယ်သိုင်းကာလွယ်၊ ငဇော့်ကို မှာစရာရှိသည်ကိုမှာ ပြီးနောက် ကားပေါ်မှ လွှားခနဲခုန်ဆင်းလိုက်ပါ၏။

"အ"

မျက်ခနဲနာကျင်သွားသည့် ဒူးခေါင်းအရွတ်ကြောင့် ခက်သျှား ခပ်ဟဟလေး ညည်းမိသွားသည်။ ငဇော်ကတော့ပျာပျာသလဲ။

"ဘာဖြစ်တာလဲ ဟေ့ကောင်"

"ဘာမှ မဖြစ်ဘူး၊ ကျုပ်သွားပြီ .."

"ဒါနဲ့ အခု မင်းက အိမ်ကို ပြန်တာလား ခက်သျှား"

အိမ်ပြန်မည်ပုံမပေါက်သည့် ခက်သျှားကို ငဇော်က စိတ်မချသလိုမျိုး ထပ်ကာလှမ်းမေးလိုက်ပြန်ပါ၏။ စောစောကလေးတင် ဖြစ်လာခဲ့သော ပြဿနာ၏ နောက်ဆက်တွဲဂယက်က ရှိသေးသည်မို့...။

A Story of 2000sTempat cerita menjadi hidup. Temukan sekarang