Part 17 (Uni)

826 122 43
                                    

''ဟဲ့ ခက်သျှားအိမ်မှာနေတဲ့ကလေးကို ထိုးလိုက်တာ ဟိုဘက်ရပ်ကွက်က ဖိုးဌေးဆို၊ ဟုတ်လား စိုးကြီး''

''အဲ့ဒီလိုပြောသံကြားမိတာပဲ၊ သေချာတော့ မသိဘူး''

''အဲ့ဒီ ငမူးက အမြဲအဲ့ဒီလိုပဲ၊ သူ့မိန်းမကို ပေးစရာစျေးဖိုးမရှိရင် တွေ့သမျှလူ လိုက်ပြီးပြဿနာရှာနေတာ၊ အလုပ်ကျတော့ လက်ကြောတင်းအောင် မလုပ်ချင်ဘူး''

''ခရီးသည်လုရင်းက ဖြစ်ကြတဲ့ ကိစ္စကြောင့်လို့လည်း ပြောတယ်၊ ဒါပေမဲ့ အဲ့ဒီလောက်ထိ ထိုးကြကြိတ်ကြရတယ်လို့၊ တစ်ဂိတ်တည်းသားချင်းတွေပဲကိုဗျာ''

''အဲ့ဒါပြောတာပေါ့၊ အခု ခက်သျှားလက်စာမိတော့ ငါ့တို့ရပ်ကွက်ကိုပဲ လာပြီး သိက္ခာချကြဦးမယ်၊ သူတို့ဘက်က အရင်စတာကြတော့ ထည့်မပြောဘူး၊ ကြည့်နေ အဲ့ဖိုးဌေးရဲ့ မိန်းမ ဒီဘက်ရပ်ကွက်ထဲကို လာကြည့် ပြောကိုလွှတ်ပစ်မယ်''

''ယောကျာ်းချင်းဖြစ်ကြတာပဲဗျာ၊ မိန်းမတွေက ဝင်မပါတာ အကောင်းဆုံး၊ အဲ့... ကြည့်လို့ကောင်းလို့ကြည့်နေတာတော့မဟုတ်ပါဘူး၊ နောက်တစ်ခါဆိုရင် ခက်သျှားဘက်ကနေ ဝင်လုပ်တော့မှာ ၊ ကျွန်တော်လည်း ဖိုးဌေးဆိုတဲ့ကောင်ကို ကြည့်မရတာကြာပြီဗျ၊ အခုလည်း သူတို့ဘက်က ဆေးဖိုးလာတောင်းသေးသတဲ့''.

''ဘာပြောတယ်''

''အုပ်ကြီးက အဖြစ်မှန်ကိုသိပြီး ငေါက်လွှတ်လိုက်လို့ သူ့မိန်းမကပြန်သွားတာ၊ ဒါတောင် လမ်းတစ်လျှောက် ပတ်ဆဲသွားသေးတယ်၊ ဘယ်လိုမိန်းမလဲ မသိဘူး၊ တကယ့်စရိုက်တွေ''

''ကြားထဲက ဘာမသိညာမသိတဲ့ ကောင်လေးက သနားပါတယ်၊ သူ့ခမျာ နုနုဖပ်ဖပ်လေး ၊ စကားပြောတာလည်း ယဥ်ယဥ်ကျေးကျေးလေးနဲ့ လူကြီးသူမကိုလည်း သိပ်သိတတ်တာ၊ အခုလိုမျိုး နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ အဲ့ကလေးလည်း ဆက်နေနိုင်တော့မယ်မထင်ဘူး၊ ကြောက်နေမှာပဲ''

ညဘက်ပိုင်းမှ ဖွင့်လေ့ရှိသော မအေးဘုံ၏ လက်ဖက်သုတ် ဂျင်းသုတ်ဆိုင်တွင် စိုးကြီးအပါအဝင် ရပ်ကွက်ထဲမှ အမျိုးသမီးကြီးများ စကားဖောင်ဖွဲ့နေကြခြင်းဖြစ်သည်။

A Story of 2000sTempat cerita menjadi hidup. Temukan sekarang