"အဆင်ပြေရဲ့လား မမ၊ ကျွန်တော့်ကို တွဲပါလား"
"နေ နေ သော်တာ ၊ မမဘာသာ လျှောက်လို့အဆင်ပြေပါတယ် ၊ ရုံးထဲမှာဆိုတော့ သူများတွေမြင်ရင် တစ်မျိုးထင်နေဦးမယ်"
ယိမ်းယိုင်နေသောခြေလှမ်းများနှင့် တင်မမအား သော်တာက အစိုးရိမ်လွန်စွာဖြင့် ပြေးကူတွဲရန် ဟန်ပြင်လိုက်သော်လည်း အချည်းအနှီးပင်။ လက်များကို ဖြုတ်ချကာ မိမိဘာသာ ကားပါကင်ဆီသို့ရောက်အောင်သွားရန်ကြိုးစားနေသော တင်မမ၏မျက်နှာသည် အလွန်တရာမှ ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါ်နေပါ၏။ နားထင်စပ်လေးများချိုင့်ဝင်နေသလို မျက်ကွင်းအနည်းညိုနေခြင်းကြောင့်် ကိုယ်ဝန်ဆောင်တစ်ယောက်၏ လက္ခဏာရပ်များက အထင်းသားပင်။ ဖုံးဖိထားသော မိတ်ကပ်နှုတ်ခမ်းနီတို့ကလည်း အကာအကွယ်ပေးနိုင်ဟန် မတူချေ။
"ဆေးခန်း သွားပြရအောင်လေ မမရယ်၊ အာရှတော်ဝင်မှာ ကျွန်တော့်အသိ ဆရာဝန်တစ်ယောက်ရှိတယ်"
"အို လူသိခံလို့မဖြစ်ပါဘူးဆိုမှပဲ သော်တာကလဲ"
"လူရင်းတွေပါ မမရယ်၊ စိတ်ချရပါတယ်၊ လာပါ ကျွန်တော့်ကားပေါ်ပဲတက်လိုက် ၊ လိုက်ပို့ပေးမယ်"
"မမပြောနေတယ်လေ သော်တာ၊ အိမ်ပဲပြန်ချင်တယ်၊ အိမ်ကိုပဲလိုက်ပို့ပေး"
သွေးသားအပြောင်းအလဲမို့ တင်မမ အနည်းငယ်စိတ်ဆတ်နေပုံရသည်။ နံဘေးမှတောက်လျှောက်လိုက်လာကာ စိုးရိမ်နေသည့် သော်တာ့ကို မာန်ဖြင့်အော်ပြောလိုက်ကာ စီးနေကျကားပေါ်သို့ ယိုင်တိယိုင်နဲ့ဖြင့် တက်သွားပါ၏။
သော်တာသည်လည်း ချက်ချင်းပင် ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ပြီး ကားပါကင်မှ အလျင်စလို မောင်းထွက်လာခဲ့ပါတော့သည်။
ကားကူရှင်နောက်ကျောကို မှီလျက် အသာမှိန်းနေပါသော တင်မမကို စိတ်မချသည့်နှယ့် အခါခါလှည့်ကြည့်နေသော သော်တာနေပိုင်။ မည်မျှ စိတ်ပူနေသည်ကို မပြောပြသည့်တိုင် မျက်နှာပေါ်မြင်နေရသည်မှာက အတိုင်းသား။
"နေသာရဲ့လား မမ၊ ကျွန်တော် စိတ်ပူနေလို့ပါ"
"အင်း ၊ မမ အဆင်ပြေပါတယ်"
ŞİMDİ OKUDUĞUN
A Story of 2000s
Romantizm၂၀၀၀ခုနှစ်ရဲ့ နေ့ရက်များဆီမှာလည်း ပုံပြင်တချို့ရှိခဲ့ဖူးပါတယ်။