Part 16 (Uni)

791 121 95
                                    

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေယာဥ်ဆိုက်ပြီး များမကြာမီ တဖွဲဖွဲ ဝင်လာကြသော ခရီးသည်များ၏ကြားထဲတွင် ခေတ်ရှေ့အလွန်ပြေးနေသည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မျိုးနှင့် လှပကြော့ရှင်းနေသည့် အမျိုးသမီးတစ်ဦးတစ်​ယောက်သည် ကြော့ကြော့မော့မော့ကလေး လှမ်းလျှောက်လာ၏။

အဝတ်အစားကြောင့် ရှိရင်းစွဲအလှတို့ကို ပိုမိုပေါ်လွင်စေခဲ့သည်လားမသိ။ လှပသည်ဆိုသော စကားထက်ကို ပိုပြီးလှပသည်။ မျက်လုံးမျက်လုံး အားလုံးပြည့်စုံပြီး မြင့်မားသော သွယ်လျလျအရပ်အမောင်းနှင့် ဖြူနုဝင်းမွတ်နေသော အသားအရည်တို့ကြောင့် လူကြားထဲ ထင်းထွက်နေခြင်းကို ဟန့်မတားနိုင်ခဲ့ပေ။

သန္တာကျော်ထင်အောင်။
နာမည်နှင့်လိုက်ဖက်အောင် ရဲရင့်ပြတ်သားသည့်နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ပတ်ဝန်းကျင်ကို မျက်လုံးကစားလိုက်ပုံကလည်း ဦးကျော်ထင်အောင်၏ အကြီးဆုံးသမီးဟု ​ပြောစရာပင်မလို။ စူးရှထက်မြက်နေ၏။

မိမိကို ကြိုဆိုကြောင်း ရေးသားထားသည့် စာရွက်ကိုင်ဆောင်ထားသူကို လှမ်းမြင်သောအခါတွင် ခပ်လွင်လွင်လေးပြုံးလိုက်ပြီး ထိုနေရာသို့ ခြေလှမ်းများကို ဦးတည်လိုက်၏။

လာရောက်ကြိုသည့်သူမှာလည်း ပေါ့ပါးသွက်လက်စွာဖြင့် လှမ်းလျှောက်လာသော သန္တာကျော်ထင်အောင်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေဟန်တူသည်။ လက်ထဲတွင်ကိုင်ထားသော စာရွက်ကလေးပင် လှုပ်ခါနေ၏။

''ကြိုဆိုပါတယ် မသန္တာ ''

''ယူက ဘယ်သူလဲ''

လာရောက်ခရီးဦးကြိုပြုသည့်သူကို မည်သူဘယ်ဝါမှန်း မသိသေးပါဘဲနှင့် လက်ထဲမှ ခရီးဆောင်အိတ်ကို ကမ်းပေးလိုက်ရင်း ချက်ချင်းလက်ငင်းမေးခွန်းထုတ်ပစ်လိုက်၏။ ဒါက သန္တာကျော်ထင်အောင်ရယ်ပါ။

အမေးခံလိုက်ရသူကလည်း ခါတိုင်းနေ့များက ပြတ်သားနေသလောက် ဒီကနေ့မှာတော့.....

A Story of 2000sDonde viven las historias. Descúbrelo ahora