လွန်ခဲ့တဲ့ ၁နှစ်ကျော် .............
ဆရာ ကောင်း !
ဆရာ ကောင်း!
ဘာတွေများအတွေးလွန်လို့ ဟောဒီက ချစ်တပည့်လေး ခေါ်နေတာ မကြားရတာလဲဗျာ“ ဘာလဲ ဆရာကောင်း ကောင်မလေးနဲ့ အဆင်မပြေလို့လား ကျွန်တော်ကူညီပေးရဦးမလား ”
“ မဟုတ်တာတွေပြောပီး ရွှတ်နောက်နောက်လုပ်မနေနဲ့ သုခ ပြီးတော့ငါ့ကိုဆရာလို့ တပ်မခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ”
“ မသိရင်ငါကဘဲ စာသင်ပေးတဲ့ ကျောင်းဆရာလိုလိုနဲ့ မင်းနဲ့ငါနဲ့အသက်က
သိပ်ပီးကွာတာလည်းမဟုတ်ဘူး မင်းလုပ်တာနဲ့ ငါ အိုသလိုတောင်ခံစားရလာပြီ ”“ ဟုတ်ကဲ့ပါဗျာ ကျွန်တော်ကလည်း ဒီကုမ္ပဏီမာ အလုပ်သင်ဘဝတုန်းက သင်ပြပေးခဲ့တဲ့သူမို့ လေးစားသမှုနဲ့ ဆရာ တပ်ခေါ်တာပါ ”
“ ဪ ဒါနဲ့ ခုနက ဘာတွေ အတွေးလွန်နေတာလဲ ကိုကောင်း ကောင်မလေး အကြောင်းမဟုတ်လား ရုံးဆင်းရင် ခနခနတွေ့နေရတော့ ကျွန်တော်သိပါတယ်ဗျာ အချင်းချင်းတွေဘဲ လျို့ဝှက်ထားစရာလိုလို့လားဗျ ”
“ ဘယ်ကသာ ကိုယ့်ကောင်မလေး ဖြစ်ရမှာ
မှူး နဲ့က ငယ်ငယ်ကတည်းက ခင်လာခဲ့တဲ့သူငယ်ချင်းတွေ ”“ အဲ့အမ နာမည်က မှူး တဲ့လား လှလိုက်တာဗျာ နာမည်လေးရော လူလေးရော
ကိုကောင်း စိတ်မချဖြစ်နေတာမဟုတ်လား
ကိုကောင်း ကောင်မလေးကို ”" လိ့**** ငါမိန်းကလေးမကြိုက်ဘူး ကွ "
ကောင်း ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားမိသည် ”" ဒါဆို ကိုကောင်း က ဘာကြိုက်တာလဲ "
သုခ ရဲ့ အမေးကြောင့် ကောင်းတစ်ယောက် စကားတွေပါ ထစ်လာတော့သည်
“ ဟမ် အမ် ဟို.....နေစမ်းပါဦး ခုနကမင်း ငါ့ကို အော်ခေါ်နေတာ ဘာအကြောင်းရှိလို့လဲ ”
“ အော် အဲ့တာလား ဘော့စ်က
ကိုကောင်းကို ရုံးမဆင်းခင် သူ့ဆီ ခနဝင်ခဲ့ဦးဆိုပီး ပြောခိုင်းလိုက်လို့ ”“ ဪ အေးအေး ကျေးဇူးဘဲ သုခ မင်းလုပ်စရာရှိတာသွားလုပ်တော့လေ ”
ကောင်း စကားလမ်းကြောင်းလွဲပြီး မဖြေချင်သောမေးခွန်းကို ရှောင်နိုင်ခဲ့သည့်အတွက် သက်ပြင်းတစ်ချက်ချလိုက်လေသည်
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...