Destiny P-25

132 2 0
                                    

ဟင့် ဟင့် အဟင့် အင့်........

ကောင်းတစ်ယောက် အိပ်ပျော်ဖို့ကြိုးစားသော်လည်း အချိန်တွေသာကြာသွားတယ် အိပ်မပျော်ခဲ့။ တစ်စုံတစ်ခုက လစ်ဟာနေသလိုခံစားရသည်။ မိမိဘေးတွင်ပျောက်နေသော တစ်စုံတစ်ယောက်ကိုသာတမ်းတနေမိသည်။ ကောင်းသက်ရှိန်ခေါင်းထဲမှာလည်း အတွေးပေါင်းသောင်းခြောက်ထောင် စဉ်းစားလျက်မျက်ရည်များဟာလည်း မစဲတော့မယ့်မိုးလိုအထိန်းအကွပ်မဲ့စွာစီးကျနေသည်။ ညဉ့်အတော်နက်နေပြီဖြစ်သော်လည်း မိမိအတွေးထဲမှာ မောင်ပြန်လာလိမ့်မည်ဟုသာမျှော်လင့်နေသည်။ ကောင်းသက်ရှိန်အတွေးများမှန်ကန်နေခဲ့ပါသည်။ တစ်စုံတစ်ယောက် မိမိရှေ့တွင်ရပ်နေသည်ကိုမြင်တွေ့လိုက်ရသည်။ ကောင်းတစ်ယောက် ဘာစကားမှပြောမထွက်ဘဲငိုဘဲငိုနေမိတော့သည်။

“ အဲ့လိုဖြစ်နေမှန်းသိသားဘဲ အရူးလား စောင့်ရင်လည်းအခန်းထဲမှာနေပြီးစောင့်လို့ရရဲ့သားနဲ့ ဘာလို့ခြင်တွေအကိုက်ခံပြီးအောက်ထပ်မှာစောင့်နေတာလဲ ဝတ်ထားတာလည်းကြည့်ဦး အတိုအပြတ်၊ တော်တော်သွေးသားကောင်းနေတာလား၊ဆောင်းတွင်းရီးဆိုတာမသိဘူးလား၊လေဖြတ်ချင်လို့အဲ့လိုနေနေတာလားဟမ် အိမ်တံခါးရီးကလည်းဖွင့်လို့ အချိန်နာရီကိုလည်းကြည့်ပါဦး ခေတ်ကကောင်းတာမဟုတ်ဘူး တစ်ယောက်ယောက်ဝင်လာပြီးတက်လုပ်သွားရင်ဘယ်လိုလုပ်မလဲ ပြောလိုက်ရင်ဘယ်တော့မှနားမထောင်ဘူး ” အကို့ကိုစိတ်ပူသောကြောင့် မင်းဇေယျာမောင်၏ဆူငေါက်သံသည်တရစပ်ထွက်လာသည်။

“ နားမထောင်မှန်းသိရင်လည်းဘာလို့လာပြောနေသေးလဲ ” ကောင်းသက်ရှိန်လွှတ်ခနဲထွက်သွားမိသည်

“ ပြန်မပြောနဲ့ ! နေမကောင်းဖြစ်လာရင်ဘယ်လိုလုပ်မလဲ ” မောင်တစ်ယောက်အော်မိသွားလေသည်။ မောင့်အော်သံကြောင့် ကောင်းသက်ရှိန်တစ်ယောက်ကိုယ်လေးကျုံ့ကာခေါင်းလေးငုံ့သွားလေတော့သည်။

“ ချစ်သူရီးစားထားတာဘာလုပ်ဖို့လဲဟမ် တစ်ခုခုဖြစ်ရင်ပြောပြ‌ရ‌မှာပေါ့ ဘာမှမပြောဘဲအရာအားလုံးသိနေရအောင်ကျွန်တော်ကဘုရားလည်းမဟုတ်။ အကိုနဲ့ပတ်သက်ပြီးကျွန်တော်အရာအားလုံးသိနိုင်ပေမယ့် တချို့အရာတွေကတော့မပြောဘဲမသိနိုင်ဘူးလေ ”

Destiny Where stories live. Discover now