မောင်မရှိတဲ့နေ့ရက်တွေကို တစ်ယောက်ထဲဖြတ်သန်းခဲ့တာ ဘာလိုလိုနဲ့ 7လတောင်ပြည့်တော့မယ်။
ဒီအတောအတွင်း မင်းကိုကိုတစ်ယောက် သုခဆီကို နေ့တိုင်းလာလေသည်။ သုခတစ်ယောက် မင်းကိုကိုအပေါ်ထားတဲ့ သူရဲ့စိတ်တွေကိုလည်း ဖွင့်ပေးခဲ့လိုက်သည်။ မဖွင့်ပေးလို့လည်းမရခဲ့။ ကိုယ်ဝန်ရှိသည်ကိုသိသိခြင်း သူ့ကိုတာဝန်မယူခိုင်းလျှင် သတ်ပြစ်မည်ဟုပါ ခြိမ်းခြောက်လာတော့ အနားမှာထားရုံမှအပ ရွေးချယ်စရာမရှိ။ သူ့သွေးသားကိုဖျက်ချဖို့ စီစဉ်ခဲ့သည်ကို မင်းကိုကိုသိသွားတုန်းကလည်း သုခနဲ့အကြီးအကျယ်ပြသနာဖြစ်လိုက်သေးသည်။ ကိုယ်ဝန်လွယ်ထားရသည်မို့ ညှာတာမည်မထင်နဲ့။ ပြသနာအကြီးအကျယ်တတ်ပြီးနောက်ပိုင်း သုခတစ်ယောက် ဆေးရုံတပတ်လောက်တက်လိုက်ရသေးသည်။ ကျွန်တော်ကတော့ မောင့်ဆီကနေ ထွက်ပြေးနေဆဲပေါ့။
“ တီ...ဟယ်လို ငါရောက်နေပြီ ထွက်လာခဲ့တော့ ”
ရှပ်အကျီအပွနဲ့ ဘောင်းဘီရှည်ပွပွလေးဝတ်ထားပြီး ဘေးအိတ်ကလေးလွယ်ကာ လျှောက်လာသော အညိုစင်သေးသေးလေးမှာ လူကိုအူယားအောင်လုပ်နေသလားပင် မှတ်ရသည်။
မင်းကိုကို ကားပေါ်တတ်လာသော ထိုကောင်လေးကို စိုက်ကြည့်လိုက်ကာ ပါးမို့မို့လေးထက် အနမ်းတစ်ပွင့်ခြွေလိုက်လေသည်။
“ အဟွတ် အင်း အင်း ”
နှာခေါင်းလေးကိုလက်ဖြင့်ပိတ်ကာ တွန်းထုတ်လိုက်သောကြောင့် မင်းကိုကိုတစ်ယောက် မိမိကရွံစရာများဖြစ်နေသလားဟုပင် စဉ်းစားစရာဖြစ်သွားရသည်။
“ ဒီမှာ ခင်များ ရေမွှေးတစ်ပုလင်းလုံးများ လောင်းချလာတာလား မွှန်လိုက်တာ ”
သုခစကားကြောင့် မင်းကိုကိုတစ်ယောက် မိမိအကျီကိုမိမိပြန်နမ်းနေလေသည်။ မင်းကိုကိုတစ်ယောက် နားမလည်နိုင်စွာပင် ဖြစ်နေလေသည်။ ဘာ့ကြောင့်လဲဆိုတော့ မင်းကိုကိုတစ်ယောက် ရေမွှေးကိုဘယ်တုန်းကမှမဆွတ်သောကြောင့်ဖြစ်သည်။ အမွှေးနံ့သာသည် သူ့ကိုခေါင်းကိုက်စေသည်ဟု မှတ်ယူထားသောကြောင့်ဖြစ်သည်။
CITEȘTI
Destiny
Dragoste" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...