Destiny P - 41 🚨

142 6 0
                                    

သားလေး သူရိန်ကိုကို 1လပြည့်ရင်တော့ အန်တီနွယ်နဲ့ ကေစီ့ဆီ သားလေးကိုသွားပြမည်ဟု မင်းကိုကိုဆုံးဖြတ်ထားသည်။ ဒီအတောအတွင်းတော့ သုခလည်းသွားချင်မှာမဟုတ်။ ကောင်းသက်ရှိန်ပျောက်နေတာ 1ပတ်ရှိပြီဟု ကြားရသည်။ မင်းဇေယျာမောင်လက်ချက်မှန်း အကုန်လုံးသိပေမယ့် ဘာတတ်နိုင်မှာလဲ။ သုခလည်း သူ့ဆရာပျောက်နေလို့စိတ်မကောင်းဖြစ်နေရှာတယ်။ အစကတော့ မပြောဘဲနေမလို့ဘဲ နောက်တော့ သူအားကိုးရတဲ့သူ တစ်ယောက်ဒီလိုဖြစ်သွားတာကို ဘယ်လိုဖုံးထားနိုင်မှာလဲ။

ဗုန်းးးးးးးး

ရုတ်တရက် အသံကြောင့် ကောင်းသက်ရှိန်လန့်နိုးလာသည်။ အပြင်မှာဆူညံနေပေမယ့် အခန်းထဲတွင်တော့ တိတ်ဆိတ်နေဆဲပင်။ ကောင်းသက်ရှိန် အသံလာရာတံခါးကို စိုက်ကြည့်နေဆဲပင်။ ခနအကြာတော့........

‌‌သွေး!!!!

မင်းဇေယျာမောင်ရဲ့ ညာလက်ဖဝါးတစ်ခုလုံး သွေးအတိလွှမ်းနေသည်။ လက်ထဲတွင် ဖုန်းကိုဆုပ်ကိုင်ထားလျက် ကောင်းရှိရာကုတင်ဆီသို့ လျှောက်လာလေသည်။

“ ခင်များကိုရှာနေကြတယ်တဲ့ ဟားးးးဟားး ဒီအရူးတွေက ကျုပ်ဆီကနေ ခင်များကိုလုယူသွားနိုင်တယ်လို့ထင်နေကြပုံဘဲ ဟားးးးးး”

မောင့်ရဲ့အခုပုံစံက အရမ်းကြောက်စရာကောင်းတယ်။

ကောင်းမျက်ဝန်းတွေက သူ့ကိုအခုလိုကြည့်နေတာကို မောင်မကြိုက်ပါ။

“ ကျုပ်ကိုအဲ့လိုမကြည့်နဲ့!!!!!!! နောက်တခါ ကျုပ်ကိုအဲ့လိုထပ်ကြည့်ရင် ခင်များမျက်လုံးတွေကို ဖောက်ထုတ်ပြစ်မယ် နားလည်လား!!!! ”

မောင့်ကို ကောင်းကြောက်တယ်၊ သို့ပေမယ့် ချစ်ရသူက နာကျင်နေတာကို ဒီတိုင်းကြည့်မနေနိုင်ဘူး

မောင်!!!!

ဒီအသုံးအနှုန်းကိုမကြားရတာကြာတော့ စိမ်းနေသယောင်။

“ မောင် ‌အကို့ကိုဒီလက်ထိပ်လေးတွေဖြုတ်ပေးလို့ရမလားဟင်။ မောင့်လက်ကဒဏ်ရာကိုဆေးထည့်ပေးချင်လို့ပါ။ ”

“ စောက်ပါးစပ်ပိတ်ထား!!!! ဘာတွေကြံစည်ဖို့ကြိုးစားနေတာလဲ ဟမ် ”

Destiny Where stories live. Discover now