တီ………အကို* မောင်အကို့ကိုလိုအပ်နေတယ် မောင့်ဆီလာခဲ့ပါနော်
“မောင် မောင်ငိုနေတာလား ဘာဖြစ်လို့လဲ အခုဘယ်မှာလဲ အကိုလာခဲ့မယ်” မောင်တစ်ခုခုဖြစ်နေသည်ကို ကောင်းသိသည် မောင့်အတွက်အရမ်းစိတ်ပူသောကြောင့် မောင့်နောက်ကိုချက်ချင်းပင်လိုက်သွားလေသည်
တီ… တီ…ပွမ် ပွမ် ……
“ မောင် ! ဒီမှာဘာလုပ်နေတာလဲ ဘာလို့လမ်းလယ်ခေါင်ကြီးမှာရပ်နေတာလဲ ကားတွေဒီလောက်ရှုပ်နေတာ တိုက်မိသွားရင်ဘယ်လိုလုပ်မလဲ မောင်* မောင်* အကိုပြောတာကြားရဲ့လား တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့ ” ကောင်းတစ်ယောက်လမ်းလယ်ခေါင်တွင်ရပ်နေသောမောင့်လက်ကိုဆွဲကာကားဆီသို့ပြန်လာခဲ့သည် မောင်ကတော့အသက်မဲ့နေသောကျောက်ရုပ်အလား ဘာစကားမှပြန်မပြောခဲ့ မည်မျှပင်ခေါ်သော်လည်းတုပ်တုပ်မျှမလှုပ်သောချစ်ရသူကြောင့် ကောင်းစိတ်ပူလာကာ မောင့်ကိုတင်းကြပ်စွာဖက်ထားတော့သည်
“ မောင် ဘာလို့အဲ့လိုလုပ်ရတာလဲ မတော်တဆတစ်ခုခုဖြစ်သွားရင် အကိုဘယ်လိုလုပ်ရမလဲ မောင်သာတစ်ခုခုဖြစ်သွားရင် အကိုဘယ်လိုလုပ်ရမလဲ ဘာလို့အဲ့လိုတဇွတ်ထိုးလုပ်ရတာလဲ အကို့အတွက်မစဉ်းစားပေးဘူး အကိုဘယ်လောက်စိတ်ပူနေမလဲဆိုတာမောင်မတွေးပေးဘူး အဟင့် ဟင့် မောင်တစ်ခုခုဖြစ်သွားရင်အကိုသေမှာ ဟင့် ဟင့် ” ကောင်းစိတ်ပူလွန်းသည့်အတွက်မျက်ရည်များပါကျလာတော့သည်
“ မောင်တောင်းပန်ပါတယ် ”
ကောင်း မောင့်မျက်နှာကိုလက်နှစ်ဘက်ဖြင့်ကိုင်လိုက်ကာ “ ဘာလို့အဲ့လိုလုပ်ရတာလဲ ”
“ မာမီအိမ်ပြန်ရောက်နေတယ် ”
ဟင်*
“ မာမီကသူ့မိသားစုအသစ်ကိုအိမ်ခေါ်လာပြီး အတူနေနေတယ် ”
“ အဲ့ဒါကြောင့်လား မောင်အခုလိုသွေးမရှိတဲ့ပုံစံပေါက်နေတာ အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တွင်းထဲပို့နေတာလား”ကောင်း အော်လိုက်လေသည်
“ မောင်တောင်းပန်ပါတယ် မောင် တဂယ် တဂယ်နားမလည်နိုင်တော့လို့ပါ ထားသွားတုန်းကထားသွားပြီးတော့ အခုကျဘာမှမဖြစ်ခဲ့သလိုအရှက်မရှိအိမ်ပေါ်ပြန်လာနေတယ် သူ့ကိုထားသွားပြီး တစ်ခြားယောက်ျားနောက်လိုက်သွားတဲ့မိန်းမကို အဖေကလည်းကြည်ကြည်ဖြူဖြူနဲ့အိမ်ပေါ်ခေါ်တင်ထားတယ် မောင်ဘယ်လောက်ဘဲနားလည်ဖို့ကြိုးစားပါစေ မောင်နားမလည်နိုင်ဘူး ပြန်တွေးတိုင်းဒေါသထွက်တယ် ”
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...