Destiny P-30

126 5 1
                                    

“ ဟင့် အု အင့် ဟင့် အဟင့် ”

ရှိုက်သံတိုးတိုးလေးဖြင့် ငိုနေသော သုခကို မင်းကိုကိုတစ်ယောက် ကားမောင်းနေရင်း တစ်ချက်တစ်ချက်ကြည့်လိုက်သည်။

သုခလက်နှစ်ဖက်က ဗိုက်ကိုတင်းကြပ်စွာဖိထားပြီး သူ့ဆီတချက်တချက်ကျရောက်လာသော အကြည့်တို့ကိုရှောင်လွဲနေလေသည်။

တီ........

သုခတင်းကြပ်စွာ ဆုပ်ကိုင်နေသောလက်အတွင်းမှ ဖုန်းသံသည်မြည်လာသည်။ သုခဖုန်းကိုင်မည်အလုပ်တွင် မင်းကိုကို၏ လက်သည်လျှင်မြန်စွာပင် ဖုန်းကိုယူလိုက်လေသည်။ သုခတစ်ယောက် ပြန်ပေးပါဟူသောအကြည့်တို့ဖြင့် တရှုံ့ရှုံ့ငိုနေလေသည်။

“ မင်းချမ်းနေလို့လား ဘာလို့တုန်နေတာလဲ ဟမ် ”

မင်းကိုကိုတစ်ယောက် စိတ်မရှည်သောအသံဖြင့် ပြောလ်ိုက်လေသည်။

“ အိမ် အိမ် ”

“ ဟမ်! ဘာ! ”

“ အိမ်ပြန်ချင်တယ် ဟီးးးးအီးးးးးကြောက်ပါတယ် ကျွန်တော်တောင်းပန်ပါတယ် ”

“ ဟာ..... နားညီးတယ်ကွာ ငါမင်းကိုဘာလုပ်နေလို့ မင်းကငိုနေရတာလဲ ဟမ် တော်တော်ငိုချင်‌နေတာလား ဟုတ်လား ”

မင်းကိုကို သုခကိုခြေအဆုံး ခေါင်းအဆုံးစိုက်ကြည့်ပြီးနောက်

“ မင်း နေမကောင်းဘူးလား ဘာလို့အရမ်းပိန်သွားတာလဲ ”

မင်းကိုကို ‌သုခမေးစေ့ကို ဆွဲမော့လိုက်သည်။

“ အု အွန့် ဟင့် ဟင့် ”

ရုတ်တရက်ဝင်ရောက်လာသော အနမ်းတချို့ မင်းကိုကိုတစ်ယောက် သုခနှုတ်ခမ်းကိုငုံထွေးထားလိုက်သည်။

“ အွန့် အင့် အင့် ဟင့် ”

သုခ မင်းကိုကိုရင်ဘတ်ကို လက်သီးသေးသေးလေးဖြင့် အဆက်မပြတ်ထုရိုက်နေလေသည်။

“ အဟွတ် ဟွတ် ဟင့် ဟင့် အသက် အသက်ရှူကြပ်တယ် အဟွတ် ဟင့် အင့် ”

မင်းကိုကိုတစ်ယောက် စိတ်ကြိုက်နမ်းပြီးသည့်နောက် လွှတ်ပေးလိုက်လေသည်။ သုခကတော့ မင်းကိုကိုလည်ပင်းကို သိုင်းထားပြီး အမောဖြေနေလေသည်။

Destiny Where stories live. Discover now