Destiny P- 28

109 5 0
                                    

နာရီပေါင်းများစွာ တရွေ့ရွေ့ကုန်ဆုံးသွားသော်လည်း ထိုကောင်လေးကတော့ ထိုနေရာမှာ တိတ်ဆိတ်စွာရပ်နေဆဲပင်။ ငိုရလွန်းလို့ မျက်ရည်တွေကုန်ဆုံးသွားတာများလား ???
ဒါတော့ဖြစ်နိုင်မည်ဟုမထင် မျက်ဝန်းအစုံမှမျက်ရည်တွေက ကုန်သွားသည်ဟုထင်ရသော်လည်း ရင်ဘတ်ထဲမှ အနက်ရှိုင်းဆုံးတစ်နေရာကနာကျင်မှုကြောင့် သွေးမျက်ရည်အလား တသွင်သွင်စီးကျနေဆဲပါဘဲ။

တစ်.......တစ်......တစ်......တစ်........

တိတ်ဆိတ်လွန်းလို့ နာရီလည်သံကိုတောင် ကြားရသည်။ ပတ်ဝန်းကျင်ရှိအရာအားလုံး တိတ်ဆိတ်လွန်းသည့်အတွက် မောင့်ရဲ့တိုးညှင်းတဲ့အသက်ရှူသံကပင် ကျယ်လောင်သည်ဟု ထင်ရသည်။

ငိုလို့ရပါတယ်*

နားထဲပြန်‌ကြားယောင်မိသော စကားသံတွေ တိတ်ဆိတ်နေသော ရပ်ဝန်းတွင် ထိုစကားသံများသည် နားထဲမှတစ်ဆင့် ပို၍ကျယ်လောင်စွာကြားရသည်။

သား* ဝမ်းနည်းရင် ငိုလို့ရပါတယ် ဝမ်းနည်းမှမဟုတ်ဘူး သားငိုချင်တဲ့ ဘယ်အချိန်မဆို ငိုလို့ရပါတယ် သားမှာ သားကြိုက်သလောက်ငိုပိုင်ခွင့်ရှိတယ် ယောက်ျားမှန်ရင်မငိုရဘူး လို့သတ်မှတ်တာကို မာမီမကြိုက်ဘူး

သားကို ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေနဲ့ မကြီးပြင်းလာစေချင်ဘူး သားမှာလည်း ခံစားတတ်တဲ့ ‌နှလုံးသားတစ်စုံရှိတယ် သားခံစားရမယ်၊ နာကျင်ရမယ် ပြီးရင် သားအတွက် သားကိုယ်တိုင်ငိုကြွေးရမယ် ‌မာမီပြောတာကိုမှတ်ထားနော် မင်းဇေယျာမောင် သားခန ခနငိုနေလို့ တစ်သက်လုံးငိုသွားရမှာမဟုတ်ဘူး သားစိတ်ကြိုက်ငိုလိုက်ပါ ပြီးရင်တော့ ပြန်ပြင်ဆင်ဖို့မျက်ရည်တွေကိုသုတ်လိုက်ပါ။ ငယ်စဉ်ကမိခင်ဖြစ်သူပြောခဲ့သောစကားများကို ကြားယောင်မိလာသည်။

‘ မာမီ သိရဲ့လား အကိုကလေ ကျွန်တော့်ကိုဆို သိပ်ဆိုးတာ သူမရှိဘဲမနေနိုင်မှန်းသိရက်နဲ့ ’

‘ သူ့ကို အသက်လောက်ချစ်ရတဲ့ ကျွန်တော်က သူ့တွက် အရာရာပြောင်းလဲခဲ့တယ်ဆိုတာ သိသိရက်နဲ့ ’

မာမီ ကျွန်တော့်ကိုစွန့်ပြစ်သွားတဲ့နောက်ပိုင်း ကျွန်တော် အကို့အတွက်ပထမဆုံး ငိုခဲ့တယ် ဘာလို့လဲသိလား ကျွန်တော်သူ့ကိုဆုံးရှူံးရမှာကို အသက်လောက်ကြောက်ခဲ့လို့.........

Destiny Where stories live. Discover now