Destiny P - 48

87 5 2
                                    

အေးစက်‌မဲမှောင်နေသည့်အခန်း.....သွေးစွန်းနေသော ကုတင်ပေါ်တွင် အိပ်စက်နေသူတစ်ဦး။ လက်ကောက်ဝတ်တွင် အနီရောင်အစင်းကြောင်းများက ကြည့်ရဆိုးစွာပင်။
တရက်လုံး ဘာမျှမစားမသောက်ရသောကြောင့် အားအင်ချိနဲ့နေကာ ဒဏ်ရာဗလပွဖြင့် အိပ်စက်နေလေသည်။

အချိန်အားဖြင့် မနက် ၄နာရီ ရှိပေမည်။ မျက်လုံးမဖွင့်နိုင်သော်ငြားလည်း အခန်းတွင်း တစ်စုံတစ်ယောက် ဝင်လာသည်ကိုတော့ကြားနိုင်သေးသည်။ အေးစက်သော လက်တစ်စုံက မိမိပါးကိုထိတွေ့ပွတ်သပ်နေသည်ကိုလည်း ခံစားမိသည်။

မင်းဇေယျာမောင် ကောင်းသက်ရှိန် ဘေးနားဝင်အိပ်လိုက်ကာ ကောင်းရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲထည့်လိုက်လေသည်။

ပိတ်ထားသော ကောင်းသက်ရှိန်မျက်ဝန်းအစုံတို့မှ မျက်ရည်စလေးတွေ စီးကျလာကာ မောင့်ရင်ခွင်ထဲကို ကလေးလေး‌တစ်ယောက်လို တိုးဝှေ့လိုက်လေသည်။

ဖက်ထားသော လက်အစုံတို့က ပို၍တင်းကြပ်လာခဲ့ပြီး ကောင်းရဲ့နဖူးထိပ်လေးကို မြတ်နိုးစွာနမ်းလိုက်သည်။

“ လွမ်းနေတာ ”

“ ..... ”

သိသိနဲ့ပြောလိုက်လေသလား??

ကောင်းအိပ်ပျော်နေသည်အထင်နှင့်ပြောလိုက်သော်လည်း ကောင်းကတော့ ထိုစကားကို ရှင်းလင်းစွာကြားလိုက်သည်။

အချိန်အားဖြင့် မနက် 8နာရီ......

ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူ့ကိုယ်လုံးလေးကို နောက်တစ်ကြိမ် တင်းကြပ်စွာ ပြန်ဖက်လိုက်သည်။ မြတ်မြတ်နိုးနိုးချစ်ခဲ့ရသော သူအား ရက်စက်စွာမုန်းဖို့ကြိုးစားနေရဆဲ။ ရှေ့ဆက်ဖို့လည်းမလွယ်၊ လက်လွှတ်ဖို့လည်းမလွယ်သော ထိုအခြေအနေအား မောင်သိပ်မုန်းမိပါသည်။ သူ့ကိုသိပ်ချစ်ခဲ့သည်၊ ထို့ကြောင့်ပင် သူ့ကိုမဆုံးရှုံးရစေဖို့ လူမဆန်သောလုပ်ရက်ကို လုပ်ခဲ့သည်မဟုတ်လား။
နှလုံးသားအစုံနဲ့ ချစ်ခဲ့ရသော တစ်ဦးတည်းသောသူကို မောင် ဘယ်လိုမှလက်မလွှတ်နိုင်ခဲ့ပါ။ အချစ်ဦးနှင့် ကွေကွင်းရတတ်သည်ဟူသော စကားကို မောင်ချိုးဖျက်ချင်သည်။

Destiny Where stories live. Discover now