အကို.................
ဗျ...
မအိပ်သေးဘူးလားလို့........
" မေးရင်ကောင်းကောင်းမွန်မွန်မေးလေ ဘာလို့အသံကိုအရှည်ရီးဆွဲပြီးမေးနေတာလဲ "
" အကိုကမောင်မေးတာကိုကောင်းကောင်းမှမဖြေတာ ပြန်ဖြေရင်လည်းမောင့်ဘက်ကိုမကြည့်ဘူး ကွန်ပျူတာဘဲကြည့်နေတာ "
" အကိုအလုပ်လုပ်နေတယ်လေ "
" အမြဲတမ်းအလုပ်ဘဲ မောင့်ကိုကျဂရုမစိုက်ဘူး "
" ဟော ရန်ဖြစ်ရမယ့်စကားတွေစမပြောနဲ့နော်မောင် တဂယ်လို့မောင်အိပ်ချင်ရင်အရင်အိပ်နှင့်လေ ဒီမှာအလုပ်မပြီးသေးဘူးလို့ပြောနေတာကို "
" အသံကမာလာပြီ မောင်ကအကို့အတွက်အနှောင့်အယှက်ဖြစ်နေပြီမလား "
" မောင် ကျွန်တော့်ကိုကြည့်ပါဦး အိပ်ချင်နေပြီမလား အယ်*ရုပ်ကဘာဖြစ်နေတာလဲ ငိုတော့မယ့်ရုပ်နဲ့ "
" အကိုကမောင့်ကိုပစ်ထားတာကို* "
" အယ် တဂာယ်ရီးငိုတော့မှာလား ခလေးလေးကျနေတာဘဲ ခနလေးအနားမကပ်ခိုင်းတာနဲ့ပစ်ထားတာဖြစ်သွားရောလားမောင် ဒီခလေးလေးကိုဘယ်လ်ိုချော့ရပါ့ " မောင်တစ်ယောက်ငိုမဲ့မဲ့ရုပ်နဲ့ကောင်းရဲ့ရင်ခွင်ထဲကိုခေါင်းကိုတိုးတိုးဝင်ကာချွဲနေတော့သည်
" ပြွတ် ပြွတ် ပြွတ် အာ အကို့ယောက်ျားကချစ်စရာကောင်းလိုက်တာ " ကောင်းတစ်ယောက်မောင့်ရဲ့နဖူးကိုဆက်တိုက်အနမ်းပေးတော့မှမျက်နှာလေးဖော်လာတော့သည်
အကို*
ဗျ....
" မောင်အကို့ကိုလက်ထပ်ချင်တယ် " မောင့်ရဲ့စကားကြောင့် ကောင်းခနတာအံ့ဩမိသွားတာတော့အမှန်ပင်
" အခုက လက်ထပ်ခွင့်တောင်းနေတာလား " ကောင်းပြုံးလျက်သာပြန်မေးခဲ့သည်
" အင်း* အကိုသာလက်ခံမယ်ဆိုရင် မောင်ခုချက်ချင်းတောင်မင်္ဂလာပွဲစီစဉ်လိုက်လို့ရတယ် " မောင်ဘယ်လောက်ပျော်ရွှင်စွာပြောနေလဲဆိုတာ ကောင်းခံစားရသည်
" လက်ထပ်ရမှာပေါ့ အကိုလည်းမောင့်ကိုလက်ထပ်ချင်တယ် ဒါမယ့်အခုကစောသေးတယ်လေ တွဲတာလည်းမကြာသေးဘူး ပြီးတော့ လက်ထပ်ဖို့ကပြင်ဆင်စရာတွေအများကြီးရှိသေးတယ် မောင့်ကိုဘဲအကုန်လုံးတာဝန်ယူခိုင်းလို့မဖြစ်ဘူးလေ အကိုလည်းကြိုးစားဦးမယ် နော် ဘယ်အရာမဆိုချက်ချင်းကြီးဖြစ်ချင်လို့မှမရတာ ဟုတ်ပြီလား "
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...