တီ* တီ*
ဟင်*
ကားဟွန်းတီးသံကြောင့် ကေစီ အိမ်ရှေ့ကို အပြေးအလွှားထွက်လာခဲ့လိုက်သည်။
ဒါ မောင့်ကားဘဲ
“ မေနွယ်ရေ ကိုကိုဇေယျာမောင်လာတယ်။ ”
ကေစီ အော်ပြောလိုက်ပြီး ကားဆီသို့ပြေးသွားကာ မင်းဇေယျာမောင်လက်တစ်ဖက်ကို တင်းကြပ်စွာဖက်လိုက်သည်။
“ မောင်ပြောတော့ ခနလေးဘဲ၊ မကြာဘူး ပြန်လာမှာဆို။ အခုကျ အကြာရီးနေပြီးမှ လာတယ်။ ”
သူ့ကိုဖက်ထားတဲ့လက်ကို မင်းဇေယျာမောင်ခါထုတ်လိုက်သည်။
“ ငါ့ကို မောင်လို့မခေါ်ဖို့ ဘယ်နှခါပြောထားရမလဲ ဟမ်။ ”
ရုတ်တရက် ကြမ်းတမ်းသောစကားကြောင့် ကေစီ နောက်ကိုတလှမ်းဆုတ်လိုက်ပြီး မျက်နှာငယ်လေးဖြင့် အစ်ကိုဖြစ်သူကို ကြည့်လာလေသည်။
မင်းဇေယျာမောင် ကားနောက်ဖုံးဆီသို့လျှောက်သွားလ်ိုက်ပြီး နောက်ဖုံးကိုဖွင့်လိုက်သည်။ ထို့နောက် လူ့တရပ် အရွယ်အစားရှိသော ပန်းရောင်ဝက်ဝံရုပ်ကိုထုတ်လိုက်သည်။
ဝက်ဝံရုပ်ကိုမြင်တော့ ကေစီ သွားများပေါ်သည်အထိ ပြုံးရယ်လိုက်သည်။
“ ရော့ ”
“ ကေစီ့အတွက်လား။ ”
“ ဒီအိမ်မှာ ဒါကိုယူမယ့် ကလေးဘယ်နှစ်ယောက်ရှိလို့လဲ။ ”
“ ဟီးးးး မောင်အကောင်းဆုံး oops !!!
“ ကိုကိုဇေယျာမောင် အကောင်းဆုံးဘဲ ဟီး။ ”
“ အဖေ ရှိလား။ ”
“ ဦးလေးကတော့ ကုမ္ပဏီသွားတယ်၊ မေမေနွယ်ကတော့ ”
သား!!!
“ သားလေး ရောက်လာရင်လည်း အထဲကိုဝင်လာခဲ့လေ၊ ဘာလို့အိမ်ရှေ့မှာရပ်ပြီး စကားပြောနေကြတာလဲ။ ”
“ လာ ထိုင် သား ”
“ သမီးလေး ဒါ ကိုကိုပေးတာလား။ ”
“ ဟီးဟီး ဟုတ် မေနွယ် ကိုကိုက သမီးအတွက်တဲ့။ ”
“ အရုပ်ကြီးကအကြီးကြီးဘဲ သမီးလေးတော့ပျော်နေမှာဘဲ သွားသွား အရုပ်ကို အခန်းထဲသွားသိမ်းလိုက်ဦး တော်ကြာပေနေဦးမယ်။ ”
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...