Destiny P- 55

81 2 0
                                    

5နာရီကြာ လေယာဉ်စီးခဲ့ရပြီးနောက် သိပ်လွမ်းနေခဲ့ရသော ချစ်ရသူနဲ့ သားရှိရာသို့ ပြန်ရသော အပြန်ခရီးမှာ စိတ်မသက်သာ။ သားကို သူ့အဖေနဲ့ အချိန်အကြာရီး ခွဲထားပြီး မိမိကိုယ်တိုင်ကလည်း သားအနားမှာရှိ‌မနေပေးခဲ့။ ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့်နဲ့ ဒီလိုအပြစ်ပေးတာက လွန်သွားသလား။ ပုံမှန်ဆို သူကြိုက်တတ်တဲ့ ဝက်သားတုတ်ထိုးနဲ့ချော့ရင်တောင် ပြေလည်သွားမယ့်ကိစ္စကို ဒီလိုပုံကြီးချဲ့လိုက်မိတာ မှားသွားလား။ သားကို သတိရလို့ နေ့တိုင်းငိုနေမလား၊ မင်းကိုကိုအတွေးပေါင်းစုံဖြင့် တွေးရင်းစိတ်မကောင်းဖြစ်လာသည်။

မင်းကိုကို ကားပေါ်တွင် ခနမှေးလိုက်ရင်း မကြာလိုက်ပါ ဖုန်းဝင်လာတာကြောင့် မင်းကိုကို လန့်နိုးလာသည်။

ဟယ်လို*

“ အင်း ကေစီ ကိုကိုပြန်လာနေပြီ လမ်းမှာ ”

“ ဟမ် အရမ်းငိုနေတာလား မကြာပါဘူး ခနနေရောက်တော့မှာပါ။ အင်း အင်း ဟုတ်ပြီ ဒါဘဲနော်။ ”

ကေစီ သူရိန်ကိုကိုလေးငိုနေတာကြောင့် စိုးရိမ်တကြီး အကိုဖြစ်သူဆီဖုန်းဆက်လာလေသည်။ ပုံမှန် ဗိုက်ဆာလို့ ငိုတာမျိုးမဟုတ်ဘဲ ငိုတာ 1နာရီလောက်ရှိပြီပြောသည်။ မင်းကိုကို သားကိုစိုးရိမ်ဇောဖြင့် ကားကိုအရှ်ိန်မြှင့်ပေးရန် ဒရိုင်ဘာကိုပြောလိုက်သည်။

နာရီဝက်လောက်ကြာတော့ ဦးမင်းဇေယျာအောင် အိမ်ရှေ့သို့ရောက်လာသည်။ မင်းကိုကို ကားပေါ်က ပြေးဆင်းလိုက်ပြီး အိမ်ထဲသို့အပြေးဝင်သွားသည်။ ကလေးက ငိုထားတာကြာမှန်း သိသာပါသည်။ ပျော့ခွေကာ အသံသေးသေးလေးဖြင့် မနားတမ်းရှိုက်နေသော သားဖြစ်သူကို ‌ဆရာဝန်လက်ထဲမှ ‌ပြေးချီလိုက်သည်။ 1လသားအရွယ်သာ ရှိသေးသေး ခလေးငယ်ကအောက်စီဂျင် ပိုက်သေးသေးကိုတပ်လျက် ရှိုက်နေသောမြင်ကွင်းမှာ မင်းကိုကိုရင်ကို တဆစ်ဆစ်ဖြင့်ကိုက်ခဲစေသည်။

မင်းကိုကို သားကိုရင်ဘတ်နဲ့အပ်ထားလိုက်ပြီး ကျောကိုဖွဖွလေးပွတ်သပ်ပေးလိုက်သည်။

“ ကလေးက ဘာဖြစ်တာလဲ? ”

“ ငိုပြီး တတ်သွားလို့‌ ”

Destiny Where stories live. Discover now