ကိုကို!!!“ ဟီးးးးအီးးးနာတယ် နာတယ် မြန်မြန်ထုတ်ပေး မြန်မြန်ထုတ်ပေးပါ မခံနိုင်တော့ဘူး အဟင့် အင့် ”
ဘေးနားတွင် ဆရာဝန် ၂ယောက်နှင့် အကူ ၄ယောက်လောက် ပတ်လည်ဝိုင်းထားသော အော်ဟစ်နေသော အာဗြဲစိန်လေးဆီသို့ မင်းကိုကိုအပြေးသွားလိုက်သည်။
“ ရှူး ရှူး စိတ်လျှော့ထား ကိုယ်ရှိတယ်နော် ”
“ ဆရာ သူရိုးရိုးမွေးနိုင်မယ်မထင်ဘူးဆရာ အရမ်းနာနေတယ်ထင်တယ် ဒီတိုင်းခွဲမွေးပေးလို့မရဘူးလား ”
မင်းကိုကို သုခလက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပေးကာ သူကိုယ်တိုင်ကလည်းစိတ်လှုပ်ရှားနေလေသည်။
“ စိုးရိမ်နေတာသိပါတယ် အရမ်းရီးလည်းမစိုးရိမ်ပါနဲ့ ကလေးကအပြင်ကိုတောင် ထွက်ချင်နေပြီ နဲနဲလေးအားစိုက်ညှစ်လိုက်ရင်ထွက်လာတော့မှာပါ ”
“ အားးး အားးးးနာတယ် မရတော့ဘူး အရမ်းနာတယ် ကိုကိုရေကယ်ပါဦး ”
“ နဲနဲလောက်ညှစ်လိုက်ပါဦးကွာ ကလေးကထွက်နေပြီ ခနလောက်ပဲသည်းခံပေးထားပါဦးကွာ နော် လိမ်မာတယ် နော် ”
“ အားးးးနာပါတယ်ဆို ညှစ်ပဲညှစ်ခိုင်းနေကြတယ် အဲ့လောက်ညှစ်ချင်ရင် ခင်များကိုယ်တိုင်သာဝင်ညှစ်လိုက်ပါလား ဟမ် လူကသေတော့မှာကို လူကိုကျမညှာဘူး သူ့ကလေးကိုဘဲစိုးရိမ်နေတယ် ”
“ အာ မင်းကလည်း ဒီအတောအတွင်း စားထားတာတွေက အားမဖြစ်ဘဲချီးဖြစ်သွားတာလား ငါရှာသမျှမင်းဗိုက်ထဲဘဲရောက်နေတာလေ ညှစ်စမ်းပါကွာ အားလေးနဲနဲလေးဘဲစိုက်ပြီးညှစ်ကြည့်လိုက် ”
“ လူယုတ်မာ ဟီးးးအီးးးးးအားးအားးအားးးးးး”
အူဝဲ* အုဝဲ*
ကလေးအသံကြားလာသည်မို့ သုခစိတ်လျှော့လိုက်လေသည်။
“ သားလေးပါ ကိုယ်လက်အင်္ဂါစုံပါတယ်နော် ကလေးက အကြီးကြီးမို့ထွက်ဖို့ခက်နေတာပါ ”
သူနာပြုရဲ့စကားကို ကြားလိုက်သည့်အခါမှာတော့ မင်းကိုကိုတစ်ယောက် ရီရခက် ငိုရခက် ဖြစ်နေတော့သည်။ သုခတစ်ယောက် မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာငိုနေသည်ကိုတွေ့လိုက်ရတော့ မင်းကိုကိုအပေါ်မှအုပ်မိုးကာဖက်ထားလိုက်လေသည်။
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...