Destiny P - 66

44 2 0
                                    

နောက်ဆုံးတော့ မင်းဇေယျာမောင် ကောင်းသက်ရှိန်လက်ကိုဆွဲကာ ဘုရားကျောင်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်။ လျှောက်လှမ်းအပြည့် နှင်းဆီပန်းအနီရောင်ပွင့်ဖတ်‌လေးတွေကြဲထားပြီး ဘေးတဖတ်တချပ်စီကို အဖြူရောင်နှင်းဆီဖြင့် အပြည့်အလှဆင်ထားသည်။ ကောင်းသက်ရှိန် အံ့ဩမှင်သတ်စွာဖြင့် ဘေးဘီဝဲယာ လှည့်ပတ်ကြည့်လိုက်လေသည်။

လှတယ်မလား?

ဆုပ်ကိုင်ထားသောလက်တို့ကို ပိုတင်းကြပ်စွာဆုပ်လိုက်ရင်း မင်းဇေယျာမောင် ချစ်ရသူဘက်လှည့်လိုက်သည်။

“ အွန်း အရမ်းလှတယ် ဇာတ်လမ်းတွဲတွေထဲကလိုဘဲ ”

ကောင်းသက်ရှိန် ရင်ထဲအံ့ဩမှုအတိဖြင့် အံ့ဩစရာကောင်းလောက်အောင် လှပအောင် ပြင်ဆင်ထားသော အပြင်အဆင်များကို တမေ့တမောလှည့်ကြည့်နေလေသည်။

ဒီလောက်တန်ဖိုးထားမြတ်နိုးရလောက်တဲ့အထိ ဒီကောင်ကဘာမှပ်ိုင်ဆိုင်ထားတာမရှိပေမယ့် မောင့်ရဲ့ရွေးချယ်မှုက အစကနေအဆုံးထိ ကိုယ်ဘဲဖြစ်နေခဲ့တယ်။

ကောင်းသက်ရှိန် မျက်ရည်များ လှိုက်တတ်လာခဲ့ကာ မောင့်မျက်နှာကိုစေ့စေ့ကြည့်ရင်း ပါးနုနုနှစ်ဖက်ကို ညင်သာစွာအုပ်လိုက်သည်။

“ နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ် ကလေးငယ် ”

ပြွတ်စ်!!!

နူးညံ့သော အထိအတွေ့ ...ဒီအထိအတွေ့လေးကို လွမ်းနေခဲ့သည်ဟု ပြောလျှင်အပိုဟုထင်နိုင်သည်။ အမြဲလိုလို အတင်းအကြပ်ကြမ်းတမ်းသောအနမ်းသာရယူခဲ့တာမို့ ဒီလိုအထိအတွေ့လေးကို မောင်ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ ကောင်းမသိနိုင်ပါ။

ပြွတ် ပြွတ်စ် အွန်း

အတော်ကြာနမ်းရှိုက်ပြီးနောက် နှုတ်ခမ်းချင်း လျှာဖျားချင်းယှက်စပ်နေသော အထိအတွေ့ကို ခနခွာလိုက်သည်။ ထို့နောက် စနောက်သလိုဖြင့် ကောင်းသက်ရှိန် မောင့်မေးစေ့ဖျားလေးကို ဖွဖွလေးနမ်းလိုက်သည်။
ကောင်းလက်နှစ်ဖက်က မောင့်လည်ပင်းကိုတင်းကြပ်စွာဖက်ထားပြီး ‌ရင်ဘတ်နှစ်ခုကလေတိုး၍မရနိုင်အောင်ပင်နီးကပ်နေလေသည်။ အရပ်ချင်းသိပ်မကွာပေမယ့် မောင်ကအခုဆို ကောင်းသက်ရှိန်ထက်အရပ်ပိုမြင့်နေလေပြီ။

Destiny Where stories live. Discover now