ဝုန်း အာ့*
အရှေ့ကနေ အာပြင်းစွာဝင်တိုက်လိုက်သောအရှိန်က ကောင်းသက်ရှိန်ကိုဆောင့်မိသလိုဖြစ်သွားကာ လဲကျသွားလေသည်။
“ အာ့ ကျွတ် ကျွတ် ကျွတ် သေတော့မှာဘဲ ဖင်ညှောင့်ရိုးတွေလည်း ကျိုးကုန်ပြီလားမသိဘူး ဒီမှာ ခင်များ မမြင်.......”
ရုတ်တရက်မှင်သက်သွားသော ကောင်းကို သူစိမ်းဆန်စွာကြည့်လာသော အကြည့်တချို့
ကောင်း အသိပြန်ဝင်လာပြီး အကြည့်တွေကိုရုတ်သိမ်းကာ ထထွက်ဖို့အလုပ် အနောက်မျှရုတ်တရက်ဆောင့်ဆွဲခြင်းကိုခံလိုက်ရလေသည်။ ရုတ်တရက်ချည်းပူးကပ်မိသွားသော ခန္ဓာနှစ်ခု ၊ ကောင်းသက်ရှိန် မိမိနောက်ကျောနှင့်ထိကပ်နေသော ထိုလူရဲ့နှလုံးခုန်သံပြင်းပြင်းကိုပါကြားရသည်။ Shopping mall ထဲမှာမို့ လူသွားလူလာတွေရှိတာကြောင့် ကောင်း ရှက်ရွံ့စိတ်တွေဝင်လာသည်။
ဒါ့ပြင် ထိုလူ့လက်တွေက အတင့်ရဲစွာပင် ကောင်းရဲ့ခါးနှစ်ဖက်ကို သိမ်းကြုံးပွေ့ဖက်လာလေသည်။
“ လွှတ် လို့ငါပြောနေတာကို.......”
ရုန်းကန်လာသော ကောင်းရဲ့လက်တွေကို လျစ်လျူရှုစွာပင် ၊ ခါးကိုဖက်ထားသောလက်နှစ်ဖက်ကပို၍တင်းကြပ်လာခဲ့သည်။
“ မြန်မြန်လွှတ် မင်း....မင်းမရှက်ဘူးလား လူတွေအများရီးရှိနေတယ်လေ ”
ဒုန်း*
နူးညံ့စွာဖက်ထားသောလက်နှစ်ဖက်က ရုတ်ချည်းပင်ကြမ်းတမ်းသွားကာ ထိုလက်တွေနဲ့ဆောင့်တွန်းခြင်းပင်ခံလိုက်ရလေသည်။
“ မင်း မင်းဘာဖြစ်ချင်နေတာလဲ ဘာလို့ငါ့အပေါ်ဒီလိုတွေလာလုပ်နေတာလဲ ”
“ မုန်းလို့လေ ခင်များကိုမုန်းလို့ ”
ကောင်းသက်ရှိန်တစ်ယောက် ကျသွားသော မျက်ရည်စတွေကို တခြားလူတွေမမြင်ခင် အမြန်သုတ်လိုက်လေသည်။
“ အင်း ငါသိပြီ ငါ့ကိုအဲ့လောက်မုန်းနေရင်လည်း ဘာလို့ငါ့ရှေ့ကနေထွက်မသွားသေးတာလဲ ကျေးဇူးပြုပြီး မင်းလမ်းမင်းသွားပေးလို့ရမလား ”
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...