Destiny P-51

72 5 4
                                    

“ ဟို သားလေးကို ဒီခေါ်လာတာ သူ့ဒယ်ဒီဘာမှမပြောဘူးလားဗျ။ ”

“ ဪ မင်းကိုကိုလား သူအလုပ်ကိစ္စနဲ့ ခရီးခနထွက်သွားတယ်။ ”

“ သားကို တစ်ယောက်ထဲ ထားခဲ့ပြီးတော့လား!! ”

သုခစကားက အဓိပ္ပာယ်တမျိုးသက်ရောက်နေတာကြောင့် ဒေါ်နွယ်နွယ်မောင်အလိုမကျစွာ ကြည့်လိုက်သည်။

“ ဘာလို့လဲ အန်တီတို့နဲ့ မြေးလေးကိုစိတ်မချလို့လား။ ”

“ ဗျာ မဟုတ် မဟုတ်ပါဘူးဗျ။ သူကသားလေးနဲ့ အရင်ကခွဲဖူးတာမဟုတ်လို့ပါ။ ရန်ဖြစ်တော့လည်း သားကိုသူဘဲခေါ်ထားတာကြည့်လေ။ ”

သုခစကား အသွားအလာကို ဒေါ်နွယ်နွယ်မောင်အကဲခတ်မိပါသည်။

“ အန်တီ့ယောက်ျားကြောင့်ဆိုတာ အန်တီအနဲအကျဉ်းတော့သိပါတယ်၊ စိတ်မပူပါနဲ့ သူ့ဝန်ထမ်းရဲ့ကလေးဆိုတာ သူမသိပါဘူး။ ”

ဒေါ်နွယ်နွယ်မောင် စကားကြောင့် စိတ်သက်သာရာဘဲရသွားသလား၊ ကြောက်စိတ်ဘဲပိုတိုးလာသလားမသိတော့။

သုခလက်ထဲတွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော မြေးလေးကို ကြည့်ရင်း သုခကိုလည်းအကဲခတ်နေလေသည်။ မိန်းကလေးမကြိုက်တာသိပေမယ့် မင်းကိုကိုအကြိုက်က ထူးဆန်းသားဟု‌ ‌တွေးမိသည်ကိုတော့အမှန်ပင်။ ကောင်လေးက သိပ်မဆိုးရှာပါဘူးဟုတော့ မှတ်ချက်ချလိုက်သည်။ ခုခေတ်ကလေးတွေ အကြိုက်ကိုလည်း မခန့်မှန်းတတ်တော့ပါ။ သားဖြစ်သူတောင် ရွေးချယ်သွားခဲ့ပြီးပြီလေ၊ မိဘတွေက ကလေးတွေစိတ်ချမ်းသာရင်ပြီးတာဘဲပေါ့၊ ဘာတွေလိုက်ပိတ်ပင်ပြီး ကလေးတွေကိုစိတ်ပင်ပန်းအောင်လုပ်နေရဦးမှာလဲ။

မျက်စိတဆုံးဟင်းပွဲတွေဖြင့်ပြည့်နေသောကြောင့် ကောင်း ဘယ်ဟာကိုစားလို့စားကမှန်းမသိတော့။ မောင်ထည့်ပေးတာသာ စားလိုက်ရင်း ဗိုက်ပြည့်လာလေသည်။

“ အစ်* ဟို ဗိုက် ပြည့်ပြီ။ ”

ဟင်*

မောင်ကတော့ မေးထောက်ကာစိုက်ကြည့်တာမပြတ်၊ ကောင်း ပြောတာတောင်မကြားတော့။ အကြည့်တွေအားလုံးက တစ်ယောက်သောသူဆီမှာဘဲ နစ်‌ဝင်နေလေသည်။

Destiny Where stories live. Discover now