"ဟာ ကိုကောင်း ဒီနေ့ ရုံးလာတယ်ဆိုတော့ နေရောကောင်းသွားပြီလား "
"အင်း ကောင်းသွားပြီ "
"ကျွန်တော်ထင်တာ ပြီးခဲ့တဲ့အပတ်
က ကိုကောင်း နေမကောင်းဘူးဆိုလို့
ဒီနေ့လည်း ခွင့်ယူမယ်ထင်ထားတာ ""ပိတ်ရက်မှာနားတာက ငါ့အတွက်လုံလောက်ပြီလေ ဘာလို့ ခွင့်ထပ်ယူရမှာလဲ မဟုတ်ဘူးလား "
"ဟုတ်ပါပြီ ဒါနဲ့ ...အဲ့နေ့က သူ အကို့ဆီလာခဲ့သေးလား"
" ဟမ် ဘယ်သူလဲ "
"မင်းဇေယျာမောင် လေ"
"တော်ပြီ အဲ့အကြောင်းဆိုရင် မပြောတာကောင်းမယ် ဒါဆိုငါ အလုပ်လုပ်တော့မယ်နော်"
ဘာလိုလိုနဲ့ ကောင်း ဆီ မောင်မရောက်လာခဲ့သည်မာ 3ရက်တောင်ရှိသွားပြီဖြစ်သည် ပိတ်ရက်တွင်လည်း သဘောတူထားသည့်အတိုင်း ကောင်း အိမ်တွင်အလုပ်သင်ရင်းလာအိပ်ရန် မောင် မရောက်လာခဲ့ပါ
သူ တခုခုများဖြစ်နေတာလား ပိတ်ရက်မှာလည်းရောက်မလာဘူး မဟုတ်မှ ငါ့ကြောင့်များလား အာ ငါဘာတွေစဉ်းစားနေတာလဲ သူမလာတာ ငါနဲ့ဘာမှမဆိုင်လောက်ပါဘူး
သူကဘယ်သူ့စကားကိုမှ ဂရုစိုက်တဲ့သူမှ မဟုတ်တာ ဒါပေမယ့် ငါတို့သဘောတူထားကို သူရောက်မလာတော့ အလုပ်သင်ပေးရမယ့်သူတစ်ယောက်အနေနဲ့ တာဝန်မကျေသလိုခံစားရတယ်တီ....ဘော့စ် မန်နေဂျာကောင်းသက်ရှိန် ရောက်နေပါတယ်
ဝင်လာခိုင်းလိုက်ပါ
"အမောင်ကောင်း ကိစ္စရှိလို့လား ပုံမှန်ဆို ဦးကခေါ်မှ ရောက်လာတတ်တဲ့သူက အရင်လာတယ်ဆိုတော့ အရေးကြီးကိစ္စရှိတယ်ထင်တယ် "
"အရေးကြီးကိစ္စရယ် လို့လည်းမဟုတ်ပါဘူးဗျ ကျွန်တော် ဦးကို မေးချင်တာလေးရှိလို့ပါ
ဒီရက်ပိုင်း မင်းဇေယျာမောင် နဲ့ စကားပြောဖြစ်သေးလားဗျ ""ဦးပြောရင်လည်း အမောင်ကောင်း ယုံချင်မှယုံလိမ့်မယ် ဦး သူနဲ့စကားမပြောဖြစ်တာကြာပြီ သူက ဦးဖုန်းခေါ်ရင်လည်း ကိုင်ချင်မှကိုင်တာ မကိုင်တာများပါတယ် ဘာလို့လဲ အမောင်ကောင်းဆီ အလုပ်သင်မလာဘူးလား "
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...