Destiny P-32

135 3 0
                                    

“ ကုန်အောင်စား ဒါကုန်‌မှ ကိုယ်အိမ်ပြန်ပို့ပေးမှာ ”

ဘုရင့်စားပွဲသဖွယ် ပြင်ဆင်ထားသော အရှေ့မှစားစရာတွေကို သုခတစ်ယောက် ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ငေးကြည့်နေမိသည်။

“ ဒါ ဒါတွေအကုန်လုံးကို ကုန် ကုန်အောင်စားရမှာလား ”

အင်း

“ ဒါတွေမကုန်မချင်း မင်းကိုအိမ်ပြန်ပို့ဖို့စကားတစ်ခွန်းမှ ဟမလာနဲ့ ”

သုခ မျက်လွှာလေးကို အောက်ချကာ ‌မင်းကိုကို ကို ငြင်းဆန်နေမိသည်။

အွန့်* အု အင့် မလုပ်.. အွန့် အဟင့်

ရုတ်တရက်ဆန်စွာ သိမ်းပိုက်လာသော မင်းကိုကိုရဲ့အနမ်းကြောင့် သုခရုန်းကန်နေမိသည်။ မင်းကိုကို ကိုတွန်းထုတ်ချင်သော်လည်း သုခတစ်ယောက် မင်းကိုကိုရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေအောက်မှာ ကျရှုံးသွားရသည်။

ကျစ်* ဘာလို့တစ်ချိန်လုံးငိုနေတာလဲ ဟမ်

မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ငိုယိုနေသော သုခကို မင်းကိုကို စိတ်မရှည်စွာပင် အော်လိုက်လေသည်။

“ အဲ့လောက်ငိုချင်နေတာ --ိုးသတ်လိုက်ရမလား ဟမ် တောက်ခ် မင်းကွာ ”

အဟင့် ဟင့် အင့် အင့် အဟွတ် အဟွတ်

ငိုနေရင်း အန်တော့မလိုဖြစ်နေသော သုခကို မင်းကိုကို စိုးရိမ်စွာပင် ရေလှမ်းပေးလိုက်လေသည်။ ထို့နောက် သုခကျောလေးကို အသာအယာဖွဖွလေး ပွတ်ပေးလေသည်။

“ ပျော်ရခက်၊ ငိုရခက်ပါလားကွာ မင်းငါ့ကိုအဲ့သလောက်မုန်းလား ”

မင်းကိုကိုပြင်ဆင်ပေးထားသည်မှာ ဘုရင့်စားပွဲသဖွယ်ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ထားရသောသုခအဖို့ ဘာအစားမှစားမဝင်ပါ။ ထို့အပြင် အနံ့ပြင်းပြင်းတွေလည်းမခံနိုင်သောကြောင့် သုခတစ်ယောက် အန်ချင်စိတ်တွေ ဖြစ်လာသည်။ သို့သော် သူအခုလိုဖြစ်နေတာကို မင်းကိုကို ကိုမသိစေ‌ချင်သောကြောင့် ကြိတ်မှိတ်ကာ သည်းခံထားသည်။

တစ်ကိုယ်လုံးတုန်ရီနေသော သုခကို မင်းကိုကို ပွေ့ချီလိုက်ကာ ကားထဲသို့သာပြန်ခေါ်လာရသည်။ စားသောက်ဆိုင်မှအထွက် ဝိုင်းကြည့်နေသော‌ လူတွေရဲ့အကြည့်ကြောင့် သုခတစ်ယောက် ရှက်ရွံ့စိတ်ပိုမိုဖြစ်လာသည်။

Destiny Where stories live. Discover now