Destiny P-39

105 4 0
                                    

ဟျောင့်တွေ!!!

.........

“ ဟာ မင်းတို့ကလည်းကွာ ကလေးမွေးတာမှမကြာသေးဘူး မအောင့်နိုင်‌ကြတော့ဘူးလားကွာ ”

ရုတ်တရက်ဝင်ချလာသော ကောင်းသက်ရှိန်ကြောင့် မင်းကိုကိုရော သုခရော လန့်သွားလေသည်။

ကိုကောင်း!!!! ဟဲ လာ လာလေ ဟိုဘက်တိုး အရူးရီး

ပြောရင်း သုခတစ်ယောက် မင်းကိုကို ကိုဘေးတွန်းလိုက်လေသည်။

“ ဟ တူတော်မောင်ရီးက နဲတာရီးလား ဟားဟား ဘယ်လိုလဲ မင်းရော အဆင်ပြေတယ်မလား ”

“ ဟုတ် ပြေပါတယ်ဗျ အဲ့ဒီ နှစ်ဆယ့်လေးနာရီထန်နေတဲ့ဘဲရီး မရှိရင် ပိုအဆင်ပြေမှာ ဟွန့် ”

နှုတ်ခမ်းဆူကာ မျက်စောင်းထိုးပြလိုက်တာကြောင့် မင်းကိုကို သုခပါးကိုဆွဲညစ်လိုက်တော့သည်။

အာ့ ဘဲရီးနော် သေတော့မယ်*

“ ကလူကျီစယ်တာတွေ ခနထား ငါ့တူ‌လေးလည်းကြည့်ရင်း ပြီးတော့မင်းကိုလည်းပြောစရာရှိလို့လာခဲ့တာ”

ငါ နိုင်ငံခြားထွက်တော့မယ် !!!

ဗျာ....

‌သုခတစ်ယောက် မယုံနိုင်သောအကြည့်တို့ဖြင့် မင်းကိုကိုဘက်ကြည့်လိုက် ကောင်းသက်ရှိန်ဘက်ကြည့်လိုက်နှင့်

" ဟာ ကိုကောင်း မနောက်ပါနဲ့ "

"ငါတဂယ်ပြောနေတာ"

" ဒီမှာနေရတာ ငါ့အတွက် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပင်ပန်းလာသလို ခံစားရတယ်။ အဲ့ဒါကြောင့်...."

" မင်းဇေယျာမောင်ရော သိပြီးပြီလား? "

သုခရဲ့ ရုတ်တရက်အမေးကြောင့် ကျုပ်နှလုံးသား ရုတ်တရက်အောင့်သက်သက်ဖြစ်လာသည်။

သုခအမေးကို ကျုပ်ပြန်မဖြေဘဲ ဒီတိုင်းသာထွက်လာခဲ့လိုက်သည်။

အရာအားလုံးကိုဒီတိုင်းမေ့ပြစ်လိုက်ချင်ပေမယ့် မတော်တဆ သူ့နာမည်လေးကြားလိုက်ရင်တောင် မျက်ရည်ကျမိတဲ့အထိ သူ့ကိုချစ်ခဲ့တာပါဘဲ။

လွန်ခဲ့သော တပတ်ခန့်က..........

တီ...တီ...တီ....

အိမ်ရှေ့က ဟွန်းတီးသံကြောင့် ကောင်းသက်ရှိန်တစ်ယောက် ဝရန်တာကနေ အောက်ကိုလှမ်းကြည့်လိုက်သည်။

Destiny Where stories live. Discover now