Destiny P - 56

73 2 1
                                    

တီ.....တီ တီ ............ ( ဟွန်းသီးသံ )

တီ .........တီတီ တီ တီ

" ကျစ် ဘယ်ကောင်တုန်းကွာ အဲ့လောက်ဟွန်းတီးနေတာ ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းမသိဘူးလား။ "

သုခ ခြံထဲဆင်းကြည့်ကာ အိမ်ရှေ့ကိုထွက်လာလိုက်သည်။ အိမ်ရှေ့တွင် ကားတစ်စီးရပ်ထားမှန်း တွေ့သော်လည်း အထဲကသူမှာ ဘယ်သူဘယ်ဝါမှန်း မသိတာကြောင့် ခြံတံခါးနားထိ လျှောက်လာလိုက်သည်။

သုခ ကိုမြင်တော့ ကားနောက်ခန်းထဲမှ ထွက်လာသူကြောင့် သုခ ပျော်ရခက် ငိုရခက် ဖြစ်နေလေသည်။ ကလေးကို ရင်ခွင်ထဲပိုက်ထားကာ တလှမ်းချင်းလျှောက်လှမ်းလာသော သူကိုကြည့်ရင်း ထိုသူအနီးကပ်လာလေလေ သုခစိတ်ထဲ ငိုချင်စိတ်ပေါက်လာလေဖြစ်သည်။

နှစ်ဦးသား ဘာမျှမပြောကြဘဲ ခြံတခါး တစ်ဖက်တစ်ချပ်စီတွင် ရပ်နေကြလေသည်။ အချိန်အတော်ကြာ မင်းကိုကိုထံမှ ဘာစကားမျှထွက်မလာသောကြောင့် သုခ စိတ်မရှည်ဖြစ်လာကာ။

" ဘာလာလုပ်တာလဲ? တနေကုန် ဘာမှမပြောဘဲ ဒီတိုင်းဘဲရပ်နေတော့မှာလား ဟမ်။ "

" မင်းမှ တံခါးမဖွင့်ပေးတာ "

" မဖွင့်ပေးနိုင်ဘူး ပြန်တော့ "

ချက်ချင်း တုံ့ပြန်လာသော သုခစကားကြောင့် မင်းကိုကို မျက်ခုံးတချက်ပင့်သွားကာ စိုက်ကြည့်လိုက်သည်။

" ကလေးပါတယ် မမြင်ဘူးလား။ "

" မြင်တယ် မဖွင့်ပေးနိုင်ဘူး ပြန်တော့။ ကျွန်တော့်သားကိုဘဲ ဝင်ခွင့်ပြုနိုင်မယ်။ ခင်များ မပါဘူး။ "

" သားကို နေပူထဲနေခိုင်းပြီး နှိပ်စက်နေတာလား။ "

" ဟ အခုက ခင်များ လုပ်နေတာမဟုတ်ဘူးလား။ မဖွင့်ပေးနိုင်ဘူးလို့ ပြောရင် ခင်များ ပြန်လိုက်တော့လေ။ သားကိုနှိပ်စက်နေတာ ဘယ်သူလဲ။ ကျွန်တော် ခင်များနဲ့ ဘာပြောစရာအကြောင်းမှလည်းမရှိသလို ပက်သတ်စရာအကြောင်းလည်းမရှိဘူး။ ပြောပြီးပြီ ကျွန်တော့်သားကိုဘဲ ဝင်ခွင့်ပြုနိုင်မယ်။ "

" ကောင်းပြီလေ ငါမဝင်ရရင် သူရိန်ကိုကိုလည်း မဝင်ရဘူး။ မင်းတံခါးမဖွင့်မချင်း သားနဲ့ငါနဲ့ ဒီမှာရပ်နေမယ်၊ ငါတို့မှာအချိန်တွေအများရီးရှိပါတယ် "

Destiny Where stories live. Discover now