Destiny P - 40

114 2 0
                                    

“ နွယ် အခုချက်ချင်း မင်းရဲ့သားဆီဖုန်းဆက်ကြည့်စမ်း။ ကောင်းသက်ရှိန် လေဆိပ်မှာပျောက်သွားတယ်လို့ ကိုယ့်လူတွေဖုန်းဆက်လာတယ်။ မင့်သားဘာတွေထပ်မွှေနေပြန်ပြီလဲ မသိဘူးကွာ။ ”

ဧည့်ခန်းထဲကို အလောတကြီးဝင်ရောက်လာပြီး ဆိုဖာပေါ်သို့ ဦးမင်းဇေယျာအောင်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်လေသည်။

“ သားကိုသားဖြစ်စေ‌ချင်တဲ့အတိုင်း သူချစ်တဲ့သူနဲ့ သဘောတူပေးလို့မရဘူးလားဟင် နွယ်တောင်းဆိုပါတယ် ကိုယ်ရယ်။ ”

ဘာ!!!!!

မင့်သားကို အခြောက်ကောင်နဲ့ယူစေချင်တာလား ဟမ်... တောက်ခ်!!!!

“ ငါသူ့ကိုဘယ်လောက်တောင်မျှော်လင့်ထားလည်းဆိုတာ မင်းအသိဘဲ နွယ်။ ငါ သားအပေါ်ရင်းနှီးမြှုပ်နှံခဲ့တာ အခုမှမဟုတ်ဘူး။ သူငယ်ငယ်လေးကတည်းက ငါ့နေရာကိုဆက်ခံနိုင်အောင် ငါဘာမဆို အစွမ်းကုန်လုပ်ပေးခဲ့တာ မင်းအသိဆုံးပါ။ ငါပေးဆပ်လာသမျှက အဲ့အခြောက်ကောင်ဆီမှာအဆုံးသတ်ဖို့ မဟုတ်ဘူးကွ မင်းနားလည်လား။ ”

“ ကိုအောင် သားအပေါ် ဘယ်လောက်တောင်မျှော်လင့်ထားလည်းဆိုတာ နွယ်သိတယ်။ ဒါမယ့် သားမပျော်ဘူးလေ။ ”

“ သားမလိုချင်တဲ့အရာ၊ သားမကြိုက်တဲ့အရာကိုဇွတ်လုပ်ယူနေရင်ရော သားပျော်မယ်ထင်လို့လား ဒီထက်ပိုပြီး စိတ်ဒဏ်ရာရရုံဘဲရှိတယ်။ သားကငယ်ငယ်ကတည်းက နွယ်တို့ကြောင့် စိတ်ဒဏ်ရာရနေတဲ့ ကလေးပါ။ ငယ်ငယ်ကတည်းက ဘာကိုမှအစွဲအလမ်းမထားတတ်တဲ့ကလေးက တစ်စုံတစ်ယောက်ကိုချစ်ပြီးကာကွယ်တတ်လာတယ်....”

“ တော်တော့ နွယ်!!!!! ထပ်ပြီးအဲ့အကြောင်း‌မပြောချင်တော့ဘူး။ ဆက်ပြီးပြောနေရင် နွယ်နဲ့ကိုယ် ရန်ဖြစ်ရုံဘဲရှိမယ်။ ”

အိမ်အောက်ထပ် ဧည့်ခန်းထဲက စကားများသံတွေသည် အပေါ်ထပ်ကပင်ကြားရလောက်သည်အထိ မြှင့်တတ်လာသည်။

တီ.....

“ ဟယ်လို ကိုကို မေမေကြီးတို့စကားများနေကြတယ်။ ကိုကိုဘယ်တော့အိမ်ပြန်လာမလဲဟင်။ ”

Destiny Where stories live. Discover now