တီ.......တီ....... ( ဖုန်းမြည်သံ )
မင်းဇေယျာမောင် ကားမောင်းနေရင်း ဖုန်းကဆက်တိုက်မြည်နေတာကြောင့်ကြည့်လိုက်ရာ အဖေဖြစ်သူ ဦးမင်းဇေယျာအောင်ထံမှဖြစ်သောကြောင့် ဒေါသတကြီးဖုန်းကိုစက်ပိတ်လိုက်သည်။ မောင့်အနေနဲ့ ကောင်းသက်ရှိန်ကိုရွေးချယ်ခဲ့သည်မှန်ပေမယ့် ကုမ္ပဏီပိုင်ရှင်နေရာသည် အစကတည်းက မောင့်နေရာဖြစ်ခဲ့သည်၊ ဘယ်သူမှ အစားထိုးဝင်ခြင်းကို မောင်လွယ်လွယ်နဲ့ခွင့်ပြုမည်မဟုတ်ပါ။ အထူးသဖြင့် ကိုယ့်အမေနောက်ယောက်ျားရဲ့သားဖြစ်နေသည်မှာလည်း မင်းဇေယျာမောင် မာနကိုထိခိုက်စေသည်။ မောင် ကားက်ိုအရှိန်တင်လိုက်ပြီး ကောင်းရှိရာအိမ်ကိုသာ မောင်းလာခဲ့လိုက်သည်။
ဟိုနေ့ကအဖြစ်အပျက်ပြီးကတည်းက မောင်တို့စကားကောင်းကောင်းမပြောရသေးပါ။ ကောင်းသက်ရှိန်တစ်ယောက် ဆက်တိုက်နေမကောင်းဖြစ်နေတာမို့ မောင်ဘေးကနေပြုစုပေးပြီး နှိပ်စက်မည့်လုပ်ငန်းစဉ်ကို ခေတ္တရပ်နားထားရသည်။ ပြုစုနေစဉ်တစ်လျှောက် ကြင်နာသည့်အရိပ်အယောင်တစက်မှမပြသော်လည်း ကောင်းအိပ်ပျော်နေသည့်အချိန်တွင်တော့ တချိန်ကမြတ်န်ိုးခဲ့ရသည့်ပါးပြင်ကို တဖွဖွနမ်းလေ့ရှိသည်။
ဒီနေ့ကျမှ အကို့ကိုပိုလွမ်းနေမိသည်။ နားခိုစရာရင်ခွင်ခေတ္တပျောက်သွားသည်မို့ ရူးမတတ်ခံစားခဲ့ရသည်၊ ပြန်တွေ့လို့အနားခေါ်ထားပြန်တော့လည်း အတ္တတွေကြောင့် တွန့်ဆုတ်နေရပြန်သည်။ ဒီလူကို တသက်စာရည်ရွယ်ထားတာမို့ တသက်စာအနားခေါ်ထားချင်သည်။ တခုကိုဘဲရွေးချယ်ရမည့်ကံပါလာလျှင်လည်း ချစ်ရသူကိုသာရွေးချယ်ချင်သည်။ သို့သော် ယခုအခြေအနေတွင် ဆုံးဖြတ်ချက်ကမပြတ်သား။
တလမ်းလုံး အတွေးပေါင်းစုံက လူကိုနှိပ်စက်လာသောကြောင့် မင်းဇေယျာမောင် ခေါင်းထဲမှတဆစ်ဆစ်ကိုက်လာသလို။ ကားကို ကားဂိုဒေါင်ထဲတွင် ရပ်လိုက်ပြီးနောက် အိမ်မကြီးဆီသို့ဝင်လာခဲ့လိုက်သည်။ ခေါင်းကိုက်သလိုဖြစ်လာတာကြောင့် မောင် မီးဖိုချောင်ထဲဝင်လိုက်ကာ စားပွဲပေါ်တွင် အသင့်တင်ထားသော နှစ်ချို့ဝိုင်ပုလင်းကို ကောက်ကိုင်ကာ မော့လိုက်သည်။ မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီး အရသာခံလိုက်သည်။ ထို့နောက် အခန်းရှိရာဆီသို့ တချက်စောင်းကြည့်လိုက်သည်။
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...