Destiny P - 42

145 6 1
                                    

အား ကျွတ် ကျွတ် ကျွတ်......

မှောင်မဲတိတ်ဆိတ်နေသော အခန်းထဲတွင် နာကျင်မှုနှင့်အတူ ကောင်းသက်ရှိန် နိုးထလာလေသည်။ ရိုက်ချိုးခံထားရသော ခံစားချက်နှင့်အတူ အောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်‌နေလေသည်။ ကောင်းသက်ရှိန် ထဖို့အလုပ် မိမိတင်ပါးမှစူးခနဲနာကျင်မှုကို ခံစားလိုက်ရသည်။

ငုံ့ကြည့်လိုက်တော့ မောင့်အရာက ထိုးသွင်းထားဆဲပင်။ တစ်ညလုံးစိမ်ထားသည်နှင့်တူပါသည်၊ ထုတ်ဖို့ရန်ခက်နေလေသည်။ ကောင်း ဖယ်ရှားရန်ကြိုးစားလိုက်သော်လည်း ထိုအရာကပို၍ပင်နစ်ဝင်လာလေသည်။ ‌ကောင်း မောင့်ကိုလှည့်ကြည့်လိုက်သည်၊ ကလေးကဲ့သို့နှစ်ခြိုက်‌စွာအိပ်ပျော်နေသော‌ မောင်က ကြမ်းတမ်းသောအမူအရာများနဲ့ မလိုက်သည်ဟု တွေးမိသည်။ သို့သော် သူ့ကြောင့် ဒီကလေးစိတ်ဒဏ်ရာရခဲ့တာမဟုတ်လား။ အခုလိုပေးဆပ်နေရတာလည်း မောင့်ကိုချစ်လွန်း၍ပင်။

ကောင်းသက်ရှိန် အားရှိသမျှသုံး၍ အိပ်ရာပေါ်က ထဖို့လုပ်သည်။ နောက်ဆုံး‌တွင်တော့ မတ်တပ်ရပ်နိုင်လေပြီ။ ကောင်း မှန်တင်ခုံရှိရာသို့ဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီး အံဆွဲကိုဖွင့်လိုက်သည်။ ကံကောင်း၍ပင် အထဲမှာ ဆေးသေတ္တာ လေးတွေ့လေသည်။ ကောင်း ဆေးသေတ္တာလေးကိုယူ၍ မောင်ရှိရာကုတင်ဆီသို့ ပြန်လှမ်းလာသည်။ ထို့နောက် သွေးအလိမ်းလိမ်းပေနေသော မောင့်ဘေးက ကုတင်နေရာလေးမှာထိုင်လိုက်သည်။ ‌သူ့သွေး ကိုယ်သွေး ရောထွေးနေသော အိပ်ရာလေးကသွေးပျက်စရာပင်။ ကောင်း မောင့်လက်ကိုညင်သာစွာမလိုက်ပြီး ပေါင်ပေါ်တင်လိုက်သည်။ ဘာနဲ့ထိခိုက်လို့ထိခိုက်ထားမှန်းမသိတဲ့ဒဏ်ရာက ယခုထိတောင်သွေးထွက်နေဆဲပင်။

မောင် အရမ်းကိုပေါ့ဆလွန်းတယ်ဟု ကောင်းတွေးမိသည်။ ကောင်းကိုနှိပ်စက်ဖို့ မောင်ကျန်းမာရမယ်မလား။

“ အခုလိုအားနည်းနေရင် ‌မောင်် အကို့ကိုဘယ်လိုနှိပ်စက်နိုင်တော့မှာလဲ။ အကိုဘဲထပ်ပြီးစိတ်ပျော့‌လာလိမ့်မယ်။ ”

ကောင်း မောင့်လက်ကိုဆေးထည့်ပေးပြီး ပတ်တီးဖြင့်စည်းပေးလိုက်သည်။ ထို့နောက် မောင့်လက်ကို ဖွဖွလေးနမ်းလိုက်သည်။

Destiny Where stories live. Discover now