ဦးမင်းဇေယျာအောင် ရဲ့ အပြောကို မောင် သိပ်သဘောမကျပါ
ငယ်စဉ်ကတည်းက မိဘနှစ်ပါးရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ ကလေးတစ်ဦး အရာရာပြီးပြည့်စုံခဲ့ပေမယ့် မောင် အသက်၁၅နှစ်မှာ အဖေဖြစ်သူ ဦးမင်းဇေယျာအောင်
နှင့် အမေဖြစ်သူ ဒေါ် နွယ်နွယ်မောင်တို့ တရားဝင် ကွာရှင်းပြတ်စဲလိုက် သည့်အချိန်ကစပြီး မောင်သည်ကလေးဆိုးတစ်ယောက်လို ပြုမူလာခဲ့သည် ငယ်စဉ်ကတည်းက လိုချင်တာအမြဲရခဲ့တာမို့ လိုချင်တာတစ်ခုခုကို မရရအောင်ယူတတ်သည်ဦးမင်းဇေယျာအောင် သည် မိခင်မေတ္တာ အပြည့်အဝ မခံစားခဲ့ရသော သားလေး ကို အရမ်းချစ်ပြီး အလိုလိုက်ခဲ့သည် မောင့်ကို ယခုလိုမျိုး တစ်ခါမျှအမိန့်ပေးသလို
မဆက်ဆံခဲ့ပါ တစ်ခါမျှ မချုပ်ချယ်ခဲ့သည့် အဖေဖြစ်သူက ယခုမောင့်ကိုပေးအပ်ထားသော လုပ်ပိုင်ခွင့် ၊ ပိုင်ဆိုင်မှုတွေကို သိမ်းမည်ဟု ပြောလိုက်သောကြောင့် မောင် စိတ်ထဲတွင် အနဲငယ်တော့လန့်မိသည်" အကျပ်ကိုင်သလို ခြိမ်းခြောက်
သလိုလုပ်မနေပါနဲ့ အဖေပြောတဲ့အတိုင်းလုပ်ရင်ရပြီမဟုတ်လား အလုပ်သင်ဆိုရင်လည်း သင်ယုံပေါ့ အရည်ချင်းရှိကြောင်း သက်သေပြနိုင်ရင် ရပြီမလား ကိုယ့်သားကိုယ် မယုံသလိုလုပ်မနေပါနဲ့ "" ကျွန်တော်က ဘယ်သူ့သွေးမို့လို့လဲ ကြီးကျယ်မြင့်မြတ်တဲ့
ဦးမင်းဇေယျာအောင်ရဲ့သား
မင်းဇေယျာမောင် မဟုတ်ဘူးလား ကျွန်တော်က ဘယ်သူ့ရဲ့သားကောင်မှဖြစ်လာမှာမဟုတ်ဘူး ကျွန်တော်ကသူတို့ရဲ့ အရှင်သခင်ဆိုတာ သူတို့အားလုံး သိလာစေရမယ် "" အပြောနဲ့အလုပ်ညီပါစေ
ဇေယျာမောင် အဖေ မင်းကို တစ်ခါမှမတောင်းဆိုခဲ့ဖူးဘူး မင်းကျောင်းပြီးရင် ချက်ချင်းအလုပ်ဝင်ရမယ် မင်းက ငါ့ရဲ့နေရာကိုဆက်ခံမယ့် တစ်ဦးတည်းသောသူဘဲ ဒီကုမ္ပဏီက မင်းအတွက်ဘဲဖြစ်စေရမယ် "" ဘော့စ် မန်နေဂျာကောင်းသက်ရှိန် ရောက်နေပါပီ "
" ဝင်လာခိုင်းလိုက်ပါ "
" ထိုင်ပါ အမောင်ကောင်း " မိတ်ဆက်ပေးရဦးမယ်
ဒါ ဦးရဲ့သား " မင်းဇေယျာမောင် "
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...