Destiny P-3

297 8 0
                                    

" ကောင်း " နူးညံ့ချိုသာသောအသံဖြင့် သူမချစ်ရတဲ့ သူငယ်ချင်းဟု သတ်မှတ်ထားသော ထိုကောင်လေး ကိုခေါ်လိုက်သည်

" ဟာ မှူး ဘယ်လိုရောက်လာတာလဲ ဘာကိစ္စရှိလို့လဲ "

" ဘာကို ဘယ်လိုရောက်လာရမှာလဲ ငါ့ကား နဲ့ လာတာပေါ့ ပြီးတော့ ငါက အကြောင်းရှိမှဘဲ နင့်ကိုလာတွေ့လို့ရမှာပေါ့ ဟုတ်လား "
မှူး တစ်ယောက် အနဲငယ် စိတ်ဆိုးပုံလုပ်ပီး နှုတ်ခမ်းလေးကို တချက်တချက်ထော်ကာ ရန်တွေ့နေတော့သည်

" နင်ကလည်း ငါကအကောင်းမေးတာဂို ရွှေစိတ်တော်မဆိုးပါနဲ့ "

" နင်မေးတာကမှ မဟုတ်တာဂို ငါ့ကို ဘယ်လိုဖြေစေချင်လို့လဲ ဟွန့် "

' မှူး '

' ဘာလဲ '

' နင်စိတ်ဆိုးရင် ဘဲလေးနဲ့တူတယ်
ချစ်စရာ‌ကောင်းတယ် သိလား '

" တော်ပါ ငါကတော့ နင့်ကိုတွေ့ချင်လွန်းလို့ ကုမ္ပဏီကို တကူးတက လာတွေ့တာ နင်ကတော့ငါ့ကိုတွေ့ချင်မယ့်ပုံတောင်မပေါ်ဘူး"

" ဘာလို့မတွေ့ချင်ရမှာလဲ ငါ့မှာ
နင်ဘဲရှ်ိတာဂို ခုနက ငါကစလိုက်တာပါ "

" ဒါနဲ့ နင် ငါ့ကို လာတွေ့တာက တွေ့ချင်ရုံသပ်သပ်ဘဲလား " ကောင်း ပြုံးပီး မေးလိုက်သည်

" လာတွေ့ချင်ရုံ ဘယ်ကမလဲ ငါနင့်ကို လွမ်းနေတာ ကောင်း နင့်ဘက်က ငါ့ကိုသူငယ်ချင်းအဆင့်ထက် မပိုမှန်းသိပေမယ့် ငါကတော့ သူငယ်ချင်းအဆင့်ထက်ပိုပီး နင့်ကို ပိုင်ဆိုင်ချင်မိတယ် ကောင်း " မှူး စိတ်ထဲသာ ရေရွက်မိလိုက်သည်

တဂယ့်လက်တွေ့မှာတော့...

" ဟုတ်ဖူး ငါနင့်ကို ည‌နေစာ အတူစားရအောင်လို့လာခေါ်တာ နင်အခုအလုပ် ပြီးပြီမှတ်လား အတူသွားရအောင်လေ "

" ဆောရီး မှူး ငါအခု မအား‌သေးလို့ တဂယ်ပါဟာ ဘော့စ်က ငါ့ဆီ သူ့သားကိုအလုပ်သင်အပ်မယ် ဆိုပီး ဒီနေ့ည‌နေ တွေ့ပေးမယ်ပြော
ထားလို့ "

" ဟွန်း ဟုတ်ပီလေ နင်မှမအားတာ ဒါမယ့်နောက်‌တစ်ခေါက်ကျရင် ဘာအလုပ်လုပ်ဘဲရှိရှိ ငါ့ကိုအရင်ဦးစားပေးရမယ် ကြားပြီလား "

Destiny Where stories live. Discover now