ဗြဲ......ဝယ်........
ကားမောင်းလာတဲ့တစ်လျှောက်လုံး သူရိန်ကိုကိုလေးက အော်ငိုနေသောကြောင့် သုခလည်းဘယ်လိုလုပ်ရမလဲမသိတော့။ နို့ဗှူးတပ်ပေးထားသော်လည်း လက်သေးသေးနှင့် ပြန်ပြန်တွန်းထုတ်နေတာကြောင့် နို့ဆာလို့ငိုနေတာတော့မဟုတ်ပေ။
ဗြဲ.......ဝဲ.......
“အို့ အို့ အိုး အို သားရယ် ဘာလို့အဲ့လောက်ကြီးငိုနေတာလဲ သားကကားစီးရတာမကြိုက်လို့လား ဟုတ်လား အိုး အိုအို ”
မိတ္ထီလာကန်ဝယ်.....
ဗြဲ....ဗြဲ............
သုခ သားကိုဘယ်လောက် ချော့ချော့ ချော့လေပိုငိုလေဖြစ်နေတာကြောင့် စ််ိတ်မရှည်နိုင်တော့ပေ။
“ ဟူးးးးးးသူရိန်ကိုကို!!! သား ဒီနေ့ဘယ်လိုဖြစ်နေလဲ အရင်နေ့တုန်းကလည်း သားကားစီးနေကျပါ မဟုတ်ဘူးလား သားအဲ့လိုဆိုးနေရင် ပါးပါးကမချစ်ဝောာ့ဘူးနော်။ ”
“ ဟော သားက အခုမှ 1လတောင်ရှိသေးတာမဟုတ်ဘူး ဘာလို့ဆူနေတာလဲ။ ”
1လတောင်မရှ်ိသေးတဲ့ သားကို အော်နေတာကြောင့် မင်းကိုကိုမနေနိုင်ဘဲ ဝင်ပြောလိုက်ရသည်။
“ ခင်များသားလည်းကြည့်ဦးလေ လွန်လွန်းတယ်။ နေရာတကာသူ့စိတ်ကြီးဘဲ ခါတိုင်းလည်းအပြင်ထွက်နေကျဘဲကို။ ”
ဆောင့်ချည်း အောင့်ချည်းပြောလာသော သုခကြောင့် မင်းကိုကိုခေါင်းတစ်ချက်ရမ်းလိုက်ကာ
“ ကိုယ် Doctor ကို ဆေးရုံမှာရှိမရှိ ဖုန်းဆက်မေးလိုက်မယ်။ ”
ဖုန်းဆက်ပြီးနောက် ကံမကောင်းစွာနဲ့ဘဲ personal doctor က meetingတခုကြောင့် နယ်ရောက်နေကြောင်းသိလိုက်ရသည်။ သူရိန်ကိုကို ကိုယ်ဝန်အပ်ကတည်းက ယုံကြည်ရတဲ့ ဆရာဝန်မို့ ထိုဆရာဝန်နှင့်သာပြချင်သည်မှာတော့အမှန်ပင်။ အခုချက်ချင်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းသွားရအောင်ကလည်း တိုကင် ယူပီးစောင့်ရမှာဖြစ်သောကြောင့် ကလေးပို၍ပင်ပန်းမည်ကိုစိုးရိမ်သည်။
“ ဘာတဲ့လဲ ကိုကို ”
“ ဆရာက အရေးကြီး meetingကြောင့် နယ်ရောက်နေတယ်တဲ့။ ”
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...