Destiny P-21

113 4 0
                                    

မောင်…ထတော့

“ ချစ်ဆုံး* မောင်အိပ်ချင်သေးတယ် ခနလောက်ဖက်ပြီးအိပ်ခွင့်ပေးပါနော် ”  ချွဲပြစ်နေသောအသံလေးဖြင့်ကျွန်တော့်ကိုလာချွဲနေသည် မောင်ကျွန်တော့်ကိုပေးထားတဲ့အမည်နာမတွေအများရီးထဲမှ မောင်အခုခေါ်လိုက်တာကတော့တစ်ခုအပါအဝင်ပေါ့ ကျွန်တော်လေမောင့်ရဲ့အချစ်ဆုံးအဖြစ်ထာဝရရှိချင်ပါတယ် ကြုံလာရမယ့်အခက်အခဲတွေလည်းအတူရင်ဆိုင်ချင်ပါတယ် ဒါမယ့်မောင်ကလေသိပ်နူးညံ့တဲ့ခလေး ငယ်ငယ်လေးနဲ့စိတ်ဒဏ်ရာရခဲ့ပြီးတော့နာကျင်နေတဲ့ခလေးပါ လူတကာကဆိုးသွမ်းတဲ့သူလို့မြင်နေတဲ့မောင်က ကျွန်တော့်အတွက်တော့ပြောစကားနားထောင်ပြီးသိပ်လိမ္မာတဲ့ခလေး ဒါကြောင့်အမှန်တိုင်းပြောရရင်ကျွန်တော် မောင့်ကိုထပ်ပြီးမနာကျင်စေချင်တော့ဘူး အခက်အခဲတွေကြုံလာရင်ဒီခလေးလေးကိုကျွန်တော်ကာကွယ်ပေးချင်တယ် မောင့်ကိုနာကျင်စေမယ့်အရာတွေကိုကျွန်တော်ဘဲခါးစည်းခံချင်တယ် မောင့်ကိုသာပျော်ရွှင်စေမယ်ဆိုရင်ကျွန်တော့်ဘဝပျက်သွားပါစေ ကျွန်တော်လေမောင်ကောင်းစားဖို့အတွက်ဘာမဆိုစွန့်လွှတ်ဖို့အသင့်ပါဘဲ တစ်ခါတစ်လေမောင့်လိုပြည့်စုံနေတဲ့သူကကျွန်တော်နဲ့ထိုက်တန်ရဲ့လားလို့တွေးမိတယ် ဘာကြောင့်မှန်းမသိအခုတစ်လောစိတ်ထဲနေလို့မကောင်းဘူး ဒီခလေးလေးသာအဆင်ပြေနေရင်ကျွန်တော်ဘာဖြစ်ဖြစ်ကိစ္စမရှ်ိပါဘူး

မောင်* အိတ်ပုတ်လေး ထတော့လို့

အင်း………

“ မောင် ထတော့လို့ပြောနေတာဂို အတန်းနောက်ကျတော့မယ် လွှတ်ဦးအသက်ရှူကြပ်တယ်လို့ ”

မောင် ကောင်းကိုဖက်ထားသောလက်ကိုနဲနဲဖြေလျော့လိုက်‌ကာ………

“ မောင် တောင်းပန်ပါတယ်နော် မနေ့ညကမောင်အကို့ကိုနာကျင်အောင်လုပ်မိတယ် မောင့်ကြောင့် အကို……….”

“ အကိုဘာမှမဖြစ်ပါဘူး ဆိုးဆိုးရွားရွားမှမဟုတ်တာ အကို့ကိုမောင်အရမ်းချစ်တာအကိုသိပါတယ်  အကိုအနာတရဖြစ်ပြီး ထိခိုက်မှာကိုမောင်အကြောက်ဆုံးဆိုတာလည်းအကိုသိတယ် ဒါမယ့်အကို့ကိုချစ်တဲ့မောင့်ရဲ့အချစ်တွေကို သူများတွေကိုလည်းမျှပေးစေ‌ချင်တယ် ” 

Destiny Where stories live. Discover now