Destiny P-35

136 4 1
                                    

“ ကလေးရော ကလေးအဖေရော ကျန်းမာပါတယ် စိုးရိမ်စရာမရှိပါဘူး။ ဒါမယ့်အိပ်ရေးဝဝအိပ်ပေးပြီး အာဟာရဖြစ်မယ့်အစားအစာတွေ များများစားပေးပါနော်။ ဆေးလည်းပုံမှန်သောက်ပေးပါ။ မွေးဖို့နီးနေပြီဆိုတော့ ပိုပြီးဂရုစိုက်ပေးပါ။ လူနာက ရိုးရိုးမွေးမှာဆိုတော့ ကလေးကိုညှစ်ဖို့အားများများလိုအပ်ပါတယ်။ နေ့ဘက်တွေအိပ်တာလည်းကောင်းပေမယ့် ညဘက်လည်းအိပ်ရေးဝအောင် အိပ်ပေးဖို့လိုပါတယ်။ ”

“ ဒေါက်တာ ဒီထက်ပိုပြီး သူ့ကိုမအိပ်ခိုင်းပါနဲ့တော့ လူလည်းကြည့်ဦးတအားဝနေတာ ဗိုက်တောင်မပေါ်တော့ဘူး ဗိုက်ကြီးဝာာလား၊ ဘီယာဗိုက်လားတောင် မသဲကွဲတော့ဘူး၊ အစားကျစားချင်တာဆို ချက်ချင်းစားလိုက်ရမှကျေနပ်တာ ၊ လေ့ကျင့်ခန်းလုပ်ဖို့ဆို မနည်းချော့ခေါ်ရတယ် ‌ဒေါက်တာရေ ”

ဦးမင်းကိုကို !! 

သုခတစ်ယောက် စိတ်ဆိုးသည့်အချိန်တိုင်း ဒီလိုခေါ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကလေးကိုအကြောင်းပြကာ စားချင်ရာတွေစိတ်ကြိုက်စားနေရသောကြောင့် ယခင်ပိန်သေးသေး လူကောင်သေးသေးကနေ ယခုတော့အရင်ခန္ဓာကိုယ်ရဲ့ 2ဆဖြစ်နေလေသည်။ အရမ်းမဝသော်လည်း ဗိုက်လည်းထွက်နေသည်မို့ အရမ်းဝသလိုထင်ရသည်။

“ ဒီရက်ပိုင်း နေလို့မကောင်းတဲ့နေရာတွေ ရှိလား ဘာအဆင်မပြေတာတွေရှိသေးလဲ တအားအိပ်တယ်သာပြောတာ မျက်တွင်းတွေလည်းချိုင့်လို့ ”

“ ဟုတ်တယ်ဆရာရေ အဲ့တာအငိုလွန်လို့လေ လာခါနီးတောင် ငိုခဲ့သေးတယ် ”

“ အဲ့တာဘယ်သူလုပ်တာလဲ ကိုကိုဘဲငိုအောင်လုပ်နေတာမဟုတ်ဘူးလား ”

“ ကဲကဲ ကျုပ်ကကျန်းမာရေးပြသနာဘဲဖြေရှင်းတတ်တာ၊ လင်မယားပြသနာတွေမဖြေရှင်းတတ်ဘူး ဆေးစစ်တာအားလုံး အဆင်ပြေတယ်ဆိုတော့ နောက်တခါရက်ချိန်းကျမှ ပြန်တွေ့ကြတာပေါ့ ”

မင်းကိုကို သုခကိုတွဲပြီး ဆေးရုံမှထွက်လာချိန် ဒေါက်တာမှူးနဲ့မတော်တဆ တွေ့မိသည်။ သုခတစ်ယောက် မှူးဆီသွားဖို့လုပ်သော်လည်း မင်းကိုကိုက လက်ကိုအတင်းဆွဲထားသောကြောင့် မတတ်သာဘဲမသိချင်ယောင်ဆောင်လိုက်ကာ ကားဆီသို့ပြန်လာခဲ့လေသည်။

Destiny Where stories live. Discover now