မောင် ! မောင် ! ထတော့လေ ဒီနေ့အတန်းရှိတယ်မလား မောင် လို့
အာ့*
" မောင် လွှတ်ပါဦး အသက်ရှူကြပ်လာပြီ "
"မလွှတ်ပါဘူး မလွှတ်ပေးချင်ဘူး ဒီနေ့ မောင် နဲ့အတူရှိနေပေးပါနော်......"
"မရဘူးလေ မောင်ရဲ့ ကျွန်တော်ကုမ္ပဏီသွားရဦးမယ် ပြီးတော့ မောင်လည်း အတန်းရှိသေးတယ်မလား "
"မောင်မသွားချင်ဘူး အကိုနဲ့အတူရှိနေချင်သေးတယ် မောင် အကို့ကိုဖက်ထားရတာလည်းမဝသေးဘူး "
"မောင်...မောင်က လိမ္မာပါတယ်နော် မောင် ကျွန်တော့်စကားကို နားထောင်ပါ့မယ်လို့ကတိပေးထားတယ်မလားဟင်..."
"အာ့* အမောင်လူဆိုး ဘာလို့ကျွန်တော့်ကို ကိုက်ရတာလဲ "
"ဘာလို့ဆို မောင့်ချစ်သူလေးက အရမ်းချစ်စရာကောင်းနေလို့လေ "
"ဟာ မောင်နော် လူကိုပိုင်စိုးပိုက်
နက်နဲ့ ဘာချစ်သူလဲ ""ဟောဗျာ မောင့်ချစ်သူမို့လို့
မောင်ချစ်သူလို့ခေါ်တာလေ
ဒါမှမဟုတ် မောင့်ဇနီးလေး၊မောင့်မိန်းမလေး လို့ခေါ်ရမှာလား ဟင် ""တော်ပြီ မောင်နဲ့နောက်ပြောင်နေဖို့အချိန်မရှိဘူး ဒီပုံအတိုင်းသာဆိုရင် ကျွန်တော် ကုမ္ပဏီသွားဖို့ နောက်ကျတော့မယ် "
" အာ့* မောင် လွှတ်ပေးဦးလို့ ကျွန်တော့်အဝတ်အစားတွေ တွန့်ကြေကုန်တော့မယ် ဘာမှန်းလည်းမသိဘူး "
ကောင်းအနဲငယ် စိတ်မရှည်စွာဖြင့် မိမိကိုတင်းကျပ်စွာဖက်ထားသော မောင့်ကိုလည်း မကြည်သော အကြည့်တို့ဖြင့် ကြည့်နေလေ တော့သည်
"အယ် မောင့်ချစ်သူလေး စိတ်ဆိုးသွားတာလား "
"ဖယ်လို့ မောင် ! ကျွန်တော်တစ်ခါမှ
အချိန်မနောက်ကျဖူးဘူး ခုနေနောက်ကျရင် ကုမ္ပဏီရောက်ရင် ကျွန်တော် မေးမြန်းခံရတော့မယ် ဘာမှန်းလဲမသိဘူး " ကောင်းတစ်ယောက် အတင်းရုန်းနေလေသည်"အခုမှအစောကြီးရှိပါသေးတယ် မေးမြန်းခံရတော့လည်း ဘာဖြစ်လဲ အမှန်တိုင်းပြောပြလိုက်ပေါ့ "
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...