တီတီတီတီ.............တီ ( ဖုန်းမြည်သံ )
" ဟယ်လို အဖေ "
" ဇေယျာမောင် မင်းဖုန်းကို ချက်ချင်းမကိုင်နိုင်လောက်အောင် ဘာတွေများ အလုပ်ရှုပ်နေလဲ "
" ကျွန်တော် အခုကိုင်လိုက်လို့ စကားတောင်ပြောနေပြီဘဲမဟုတ်ဘူးလား "
" အဖေ ဘာပြောစရာရှိလို့လဲ "
" မင်း ညနေ အတန်းပြီးတာနဲ့ချက်ချင်း ကုမ္ပဏီကိုတန်းလာရမယ် ပြီးရင်အမောင်ကောင်းက မင်းကို ကုမ္ပဏီနဲ့ပတ်သက်တာ တွေသင်ပေးလိမ့်မယ် သူ့ဘေးမှာနေပြီး သူခိုင်းတာမှန်သမျှ မင်းအကုန်လုပ်ပေးရမယ် ကြားလား "
" ဟာ အဖေကလည်း ကျွန်တော် ညနေမအားဘူး သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိတယ် "
" ငါဘာဆင်ခြေမှမလိုချင်ဘူး
ဇေယျာမောင် မင်းဒီနေ့ အလုပ်စသင်ရမယ် နောက်ပြီးတော့ ပိတ်ရက်တွေမှာ အမောင်ကောင်း အိမ်မှာသွားနေပြီး သူနဲ့အတူ အလုပ်အကြောင်း လေ့လာရမယ် သူ့ဘေးနားမှာနေရင်း အလုပ်နဲ့ရင်းနှီးအောင် အလုပ်အကြောင်းပိုနားလည်အောင် သင်ယူရမယ် ""အာ ရှုပ်ရှုပ်ယှက်ယှက်ဗျာ!
မသွားချင်ပါဘူးအလုပ်သင်တာများ ကုမ္ပဏီ မှာသင်လည်းရတာဘဲ ကျွန်တော့်ရဲ့အားလပ်ချိန်တွေကိုပါ အလုပ်နဲ့ အချိန်မကုန်ချင်ဘူး ပြီးတော့သူလည်းပိတ်ရက်မှာ ကောင်းကောင်းအနားယူချင်မှာပေါ့ အနှောင့်ယှက်ပေးလို့ မကောင်းဘူးထင်တယ် "" မင်းဘာမှစိတ်ပူစရာမလိုဘူး
ဇေယျာမောင် ငါ အမောင်ကောင်း နဲ့အကုန်ပြောထားပြီးပြီ သူကလည်းလက်ခံတယ် မင်းသာလက်ခံရင် သူ့ဘက်က အဆင်သင့်ဘဲ "
ဦးမင်းဇေယျာအောင်သည် မိမိပြောချင်တာကိုသာပြောသွားခဲ့ပီး ဖုန်းချသွားခဲ့သည်မောင်ကတော့ဆက်တိုက်
' ကောင်း ' ရဲ့ အကြောင်းကိုဘဲ စဥ်းစားနေမိလေသည်ကိုယ့်အိမ်ကို မရင်းနှီးတဲ့ သူစိမ်းတစ်ယောက် က အတူလာနေမှာကို လက်ခံတယ်တဲ့လား ငါဘဲတစ်ခုခုကိုလွတ်သွားတာလား ဒါမှမဟုတ် ငါထင်တာကများ မှန်နေတာလား
' ကောင်း ' ခင်များက တော်တော် စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ဘဲ ခင်များမှာ ကျွန်တော့်ကို ခင်များရဲ့အကြောင်း
တွေကိုမစဥ်းစားဘဲမနေနိုင်အောင် လုပ်နိုင်တဲ့စွမ်းရည်ရှိတာဘဲ
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...