Destiny P-27

113 4 0
                                    

‌မနက် 7နာရီရှိပြီဖြစ်သော်လည်း ‌ဆောင်းတွင်းမနက်ခင်းမှာ မြူများမှိုင်းနေကာ နေမင်းမှာကောင်းစွာမထွက်ပေါ်လာသေးပေ။ ဝေလီဝေလင်း ထိုမနက်ခင်းလေးသည် ခါတိုင်းထက်အအေးပိုနေလေသည်။ အနည်းငယ်ဟထားသော ပြတင်းပေါက်လေးမှ လေစိမ်းများဝင်ရောက်လာပြီး နှစ်ခြိုက်စွာအိပ်ပျော်နေသော ‌မောင့်မျက်နှာသို့တိုးဝေ့သွားလေသည်။ မောင်တစ်ယောက် စောင်ခြုံဖို့ စောင်ကိုဆွဲရင်း ကုတင်ပေါ်တွင်လူးလိမ့်နေတော့သည်။

တီ.......တီ........

တီ.................ဟယ်လို အဖေ ?

" မင်း‌ဇေယျာမောင်* မင်းအခုဘယ်မှာလဲ "

" ဟင် ကျွန်တော်လား ကွန်ဒိုမှာပေါ့ ဘာဖြစ်လို့လဲ "

မောင်တစ်ယောက် အိပ်ချင်မူတူးအသံဖြင့် ပျင်းရိစွာ လေးတိလေးမှိုင်းပြန်ဖြေနေလေသည်။

" မင်းကွန်ဒိုကိုပြန်မလာတာ ကြာနေပြီဆိုတာ ငါသိတယ် မင်းဇေယျာမောင် "

ဦးမင်းဇေယျာအောင်အသံမှာ အနဲငယ်မာန်ပါသည်ထက်ပိုနေကာ ‌စိတ်ဆိုးဒေါသထွက်နေသယောင်။

မောင်တစ်ယောက်ဖုန်းပြောရင်း မိမိဘေးကိုကြည့်လိုက်သောအခါ မိမိဘေးတွင်မည်သူမျှရှိမနေသည်ကို သတိထားမိလိုက်သည်။ သို့သော် ကောင်းသက်ရှိန်တစ်ယောက် အိမ်အောက်ထပ်တွင်ရှိနေမည်ဟု အမှုအမှတ်မဲ့တွေးလိုက်လေသည်။

" အဖေ မနက်‌အစောရီးဒါလေးပြောဖို့ ဖုန်းဆက်လိုက်တာလား မဟုတ်လည်း ကုမ္ပဏီမှာတွေ့ရမှာဘဲလေ တွေ့မှပြောလို့မရဘူးလား "

မင်းဇေယျာမောင်!!!!

" မင်းအစားငါရှက်တယ် မင်းဇေယျာမောင် မင်းကိုကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့မိတာ ငါ့အမှားဘဲ "

" ‌‌အဖေ ကောင်းကောင်းမွန်မွန်မပျိုးထောင်ခဲ့လို့ ကျွန်တော်အကို့ကို ချစ်သွားတာမဟုတ်ဘူးအဖေ ကျွန်တော့်အချစ်ကမှားယွင်းနေတဲ့အချစ်မဟုတ်ဘူး " မောင်တစ်ယောက် သဘောပေါက်စွာပင်။

" ဇေယျာမောင် ငါမင်းအပေါ်ဘာတွေများ အမှားလုပ်ထားလို့ ဒီလိုမျိုးငါ့ကိုအရှက်ခွဲရတာလဲ ဟမ် ပြောလေကွာ "

Destiny Where stories live. Discover now