Destiny P-16

121 5 0
                                    

မောင်*

အိမ်အောက်ထပ် ဧည့်ခန်းတွင် ငေးမှိုင်စွာထိုင်နေသော မောင့်ကို ကောင်း လှမ်းခေါ်လိုက်သည်

" အကို ! မအိပ်သေးဘူးလား ဘာလို့ဆင်းလာတာလဲ "

ကောင်း မောင့်ဘေးနားတွင်ဝင်ထိုင်လိုက်ကာ
......" မောင်ကရော တစ်ယောက်ထဲထိုင်ပြီးဘာတွေအဲ့လောက်‌စဉ်းစားနေတာလဲ "

" ဘာမှမဟုတ်ပါဘူး ဒီအတိုင်း...... "

" မောင်* မောင်ခံစားနေရတာတွေကို ကျွန်တော့်ကိုမျှဝေမပေးချင်ဘူးလား အကယ်လို့ မောင်အခုပြောပြဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း မောင်အဆင်သင့်ဖြစ်တဲ့အချိန်ထိ ကျွန်တော်စောင့်ပါ့မယ် ပြီးတော့ အခုမောင့်ဘေးမှာကျွန်တော်ရှိနေပြီလေ ပြသနာတွေကိုမောင်တစ်ယောက်ထဲရင်ဆိုင်ပြီးဖြေရှင်းစရာမလိုပါဘူး ကျွန်တော်လည်းမောင်နဲ့အတူရင်ဆိုင်ဖြေရှင်းပေးမယ် မောင့်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပေါ့ ကျွန်တော် မောင့်ဘေးနားမှာအမြဲရှိနေပေးမယ်နော် "

" မောင်......မာမီ့ကိုမမုန်းပါဘူး "

၆နှစ်တိုင်တိုင်မြိုသိပ်ခဲ့ရသောစကားတစ်ခွန်း ၊ တစ်စုံတစ်ယောက်ကိုပြောပြချင်ခဲ့ပေမယ့် နားထောင်ပေးမည့်သူမရှိသောကြောင့်နာကျင်မှုနှင့်အတူသိမ်းထားခဲ့ရသည်

" မောင် မာမီ့ကိုမမုန်းဘူး " အကိုသိရဲ့လား " မောင် မာမီ့ကိုဘယ်တုန်းကမှမမုန်းဖူးပါဘူး
ဒါပေမယ့် ဒါပေမယ့် မောင် မာမီ့ကိုမတွေ့ချင်ဘူး ဘာလို့လဲဆိုတော့.....နာကျင်ရလို့
မောင်နာကျင်ရတယ်အကို မာမီကမောင့်ကိုထားသွားရလောက်တဲ့အထိ မောင်ကဆိုးသွမ်းနေလို့လား မောင့်မှာဘာအပြစ်ရှိလို့ မာမီကမောင့်ကိုစွန့်ပစ်ခဲ့ရတာလဲ " မျက်ရည်များသည်အထိန်းကွပ်မဲ့စွာမောင့်ရဲ့မျက်ဝန်းထဲမှစီးကျလာခဲ့သည်

" မောင် မောင် ကျွန်တော့်ကိုကြည့်ပါဦး အဲ့တာမောင့်ရဲ့အပြစ်မဟုတ်ဘူးနော် မောင်ကဆိုးသွမ်းတဲ့သူမဟုတ်ပါဘူး မောင့်ကိုမုန်းလို့ထားခဲ့တာလည်းမဟုတ်ဘူးနော် သားသမီးကိုမချစ်တဲ့မိဘရယ်လို့မရှ်ိပါဘူး မိဘတိုင်းက ကိုယ့်သားသမီးပျော်ရွှင်တာ ကောင်းစားတာမြင်ချင်ကြတဲ့သူတွေချည်းပါဘဲ တစ်ချို့အခြေအနေတွေကြောင့် ကံတရားကြောင့်မထားခဲ့ချင်ဘဲထားခဲ့ရတဲ့သူတွေလည်းရှိ‌တာဘဲ မောင့်ရဲ့အမေမှာလည်း သူ့အကြောင်းရင်းနဲ့သူရှိမှာပါ မောင် မောင့်ရဲ့အမေကိုအရမ်းလွမ်းနေတာ ကျွန်တော်သိပါတယ် မောင်ခွင့်မလွှတ်နိုင်ရင်တောင် မောင်မတွေ့ချင်ရင်တောင် မောင့်ရဲ့စိတ်တွေပေါ့သွားအောင် ကြိုးစားပြီးတော့တစ်ခေါက်လောက်ဘဲဖြစ်ဖြစ်သွား‌တွေ့လိုက်ပါနော် နော်....မောင်ကလိမ်မာပါတယ် မောင်ကကျွန်တော့်စကားဆိုအမြဲနားထောင်တယ်မလား ဟင်* "

Destiny Where stories live. Discover now