" မှူး ငါပြန်လိုက်ပို့ပေးရမလား "
" ရပါတယ် ငါ့မှာလည်းကားပါလာတယ် ပြီးတော့ နင်လည်း အလုပ်ရှိသေးတယ်မလား ငါမနှောင့်ယှက်တော့ဘူးနော် "
စားသောက်ဆိုင်မှာကတည်းက မှူး မျက်နှာတွင် အပြုံးပျောက်သွားခဲ့သည်ကို ကောင်း သတိထားမိသည်
"အင်း.....ဒါဆို ဂရုစိုက်သွားနော် ငါဖုန်းဆက်လိုက်မယ် "
အွန်း
မှူး မိမိကြောင့် စိတ်မကောင်းဖြစ်သွားသည်ကိုသိသောကြောင့် ကောင်း လည်းမပျော်နိုင်တော့ပေ
ကောင်း စိတ်ထဲတွင်လည်း တစ်မျိုးကြီး ခံစားရသည် သူငယ်ချင်းကို စိတ်မကောင်းဖြစ်အောင်လုပ်မိတဲ့သည့်အတွက် ခံစားရတာလား ဒါမှမဟုတ် တစ်ခြားသဘောများ သက်ရောက်နေမလား ယခုအချိန်ထိ မှူး ကို ချစ်သူကောင်မလေးအဖြစ် တခါမှ မတွေးခဲ့ဖူးတာတော့အမှန်ပင် ဖြစ်သည်
"ဆရာကောင်း ကောင်မလေးနဲ့ အတူနေ့လယ်စာစားခဲ့တာ ပျော်ခဲ့ရဲ့လားဗျ ကောင်မလေး မျက်နှာမြင်ရရုံနဲ့ ဗိုက်ပြည့်သွားတာတော့ မဟုတ်ဖူးမလား ဟား ဟား ဟား "
"ဒီခွေးကောင်ကတော့ အရေးမပါတာတွေပြော နေမယ့်အစား အလုပ်ကိုဘဲ သေချာလုပ် "
အာ ဘာလိုလိုနဲ့ ညနေ 3 နာရီတောင်ရောက်သွားပီလား ဒီနေ့တော့ overtime မဆင်းနိုင်တော့ဘူး လူကရုတ်တရက်ကြီး ပင်ပန်းလာသလို ခံစားလာတယ် ဟူး
" သုခ ငါဒီနေ့ ရုံးစောစောဆင်းမယ် ငါ့လက်မှတ်ထိုးဖို့ လိုအပ်တာတွေ ငါ့စားပွဲပေါ်တင်ထားလိုက် ငါမနက်ကျမှကြည့်လိုက်မယ်"
" နေမကောင်းဘူးလား ကိုကောင်း မျက်နှာကြည့်တာမလန်းသလိုဘဲ နေ့လယ်က ကောင်မလေးနဲ့ ရန်ဖြစ်ထားလို့ အခုလိုပုံစံဖြစ်နေတာလား "
" ဒီ $ပါးစပ်ကတော့.....ငါသွားပြီ "
အိမ်ရောက်သော်..
အား ပင်ပန်းလိုက်တာ တရေးလောက်အိပ်လိုက်ဦးမယ် နိုးလာရင်တော့ မှူး ဆီသွားဦးမှပါ မှူး အခုလိုဖြစ်နေတာငါ့ကြောင့် ဘာမဟုတ်တဲ့ကိစ္စလေးကြောင့် ငါတို့ဆက်ဆံရေးကို သူစိမ်းမဆန်ချင်ဘူး
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...